
စင်ကာပူ သမ္မတအိမ်တော်ရာနှင့် ရုံးချုပ်ဖြစ်သော Istana တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ စတင်တွေ့ဆုံမှုအဖြစ် ဇွန် ၁၁ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် သတင်းဓာတ်ပုံသမားများ ရှေ့မှောက် နှစ်ဦးအား နွေးထွေးပျူငှာစွာဖြင့် လက်ဆွဲနှုတ်ဆက် တွေ့ဆုံကြသည်။








