
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီးယူမှ မော်တော်ကားများတင်သွင်းမှုကို သွင်းကုန်ခွန် ကောက်ယူမည်ဟု ခြိမ်းခြောက်ပြီးနောက် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားလာနိုင်မှုအတွက် ဇူလိုင်၎ ရက်တွင် သတိပေးလိုက်သည်။
သံမဏိနှင့် အလူမီနီယံတင်သွင်းမှုတွင် သွင်းကုန်ခွန်ချမှတ်မည်ဟု ထရမ့်က ဆုံးဖြတ်ပြီးချိန်မှစကာ ကုန်သွယ်ရေး အကျပ်အတည်း ဆိုက်ရောက်နေကြောင်း မာကဲလ်က ပါလီမန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။









