
သြဂုတ် ၁
ဂျပန်နိုင်ငံသား ဂျာနယ်လစ်တစ်ဦးနဲ့ အီတလီ အမျိုးသားတစ်ဦးတို့ကို ဆီးရီးယားမှာ ဓားစာခံ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဗီဒီယိုတွေကို ဂျီဟက် ၀ါဒီအဖွဲ့တစ်ခုက ထုတ်ဖော်လိုက်ကြောင်း အမေရိကန် အခြေစိုက် စောင့်ကြည့်အဖွဲ့တွေက ပြောပါတယ်။
ယင်းဗီဒီယိုတွေထဲမှာတော့ ဓားစာခံအဖမ်းခံထားရသူနှစ်ဦးဟာ ၎င်းတို့လွတ်မြောက်ဖို့ အကူအညီတောင်းခံ ထားတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။









