
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အီရန် နျူကလီးယား ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးခဲ့စဉ်(ဆင်ဟွာ)
တီဟီရန် ၊ သြဂုတ် ၂၃ ရက်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အီရန် နျူကလီးယား ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးခဲ့စဉ်(ဆင်ဟွာ)
တီဟီရန် ၊ သြဂုတ် ၂၃ ရက်

လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိမှုကို ပထမဆုံးအကြိမ် အတည်ပြုနိုင်ပြီဖြစ်ကြောင်းနှင့် အဆိုပါလေ့လာတွေ့ ရှိချက်သည် တစ်နေ့ တွင် လူသားများ လကမ္ဘာပေါ်၌ အသက်ရှင် နေထိုင်နိုင်ရန် အတွက် အကူအညီဖြစ်လာမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြောဆို လိုက်သည်။ လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိသည့် လက္ခဏာကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ သော်လည်း ယခင်လေ့လာတွေ့ရှိချက်များသည် တစ်မူထူးခြားသည့် အလင်းပြန်သော မြေကဲ့သို့ ထူးကဲဖြစ်ရပ် အားဖြင့်သာ ရှင်းပြ နိုင်ခဲ့ကြောင်း လေ့လာရေးအဖွဲ့ကပြောသည်။

တရုတ်နိုင်ငံ၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲကာ သမ္မတတစ်ဦးသည် ငါးနှစ်သက်တမ်းကို နှစ်ကြိမ် ဆက်တိုက်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသည်ဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ ယင်းသို့ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲမှုကြောင့် ရှီကျင့်ဖျင်သည် ၎င်းဆန္ဒရှိသည့်ကာလအထိ သမ္မတတာဝန်ကို ထမ်းဆောင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

နိုင်ငံရေးအကွဲအပြဲဖြစ်နေတဲ့ သြစတြေးလျ အစိုးရအဖွဲ့မှာ လက်ရှိဝန်ကြီးချုပ် မယ်လ်ကွန်တန်ဘူးလ်ရဲ့ ခေါင်းဆောင်မှုကို မကျေနပ်တဲ့အတွက် စုစုပေါင်း ဝန်ကြီး ၁၀ ဦး ရာထူးကနေ နုတ်ထွက်စာ တင်လိုက်ပါတယ်။
အဲဒီ ၁၀ ဦးထဲက သူ့ရဲ့ရန်သူဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ပီတာဒပ်တန်နဲ့ တခြားတဦးရဲ့ နုတ်ထွက်စာကိုပဲ ဝန်ကြီးချုပ် တန်ဘူးလ်က လက်ခံခဲ့ပါတယ်။ ကျန် ၈ ဦးရဲ့ နုတ်ထွက်စာတွေကိုတော့ ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။

အန်ကာရာ၊ သြဂုတ် ၂၁
နေတိုးအဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တူရကီနိုင်ငံတို့ တင်းမာမှု အရှိန်မြင့်တက်နေချိန်မှာ တူရကီမြို့တော် အန်ကာရာမှာရှိတဲ့ အမေရိကန်သံရုံးမှာ သြဂုတ် ၂၀ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပေမယ့် သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်သံရုံးမှာ သေနတ်ခြောက်ချက် ပစ်ခတ်မှု ဖြစ်ကြောင်း အန်ကာရာအုပ်ချုပ်ရေးမှူးရုံးက ပြောပြီး သုံးချက်ဟာ သံပန်းဂိတ်တံခါးနဲ့ မှန်နံရံတွေကို ထိမှန်တယ်လို့ ဖြည့်စွက်ဆိုပါတယ်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)
ဝါရှင်တန် ၊ သြဂုတ် ၂၁ ရက်

ဂျေရုဆလင်၊ သြဂုတ် ၂၁
အီရန်နျူကလီးယား သဘောတူညီမှုက ရုပ်သိမ်းပြီး အီရန်အစိုးရအပေါ် ပြင်းထန်တဲ့ သံတမန်ရေးရာ ရပ်တည်ခြင်းအတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက သြဂုတ် ၂၀ ရက်က ပြောလိုက်ပါတယ်။
ဒါအပြင်လည်း အမေရိကန်ရဲ့ အီရန်အပေါ် ဆက်ဆံမှုပုံစံဟာ နိုင်ငံတကာအသိုင်းအ၀န်းအတွက် စံဥပမာတစ်ရပ်ပဲ ဖြစ်တယ်လို့ ၎င်းက ဖြည့်စွက်ဆိုပါတယ်။

ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူများက အီလက်ထရွန် နစ်ငွေကြေးနှင့် အခြားဒစ်ဂျစ် တယ်ငွေကြေး ပိုင်ဆိုင်သူများကို ပစ်မှတ်ထားစဉ် အွန်လိုင်းမှတစ်ဆင့် ဟက်၍ ကန်ဒေါ်လာ ၈၇ သန်း တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများ ခိုးယူခဲ့သည်ဆိုသော မသင်္ကာဖွယ်ရာ လူသုံးဦးကို တရုတ်ရဲတပ် ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဩဂုတ် ၁၉ ရက်တွင် ဖော်ပြသည်။

သြဂုတ် ၂၀
တောင်ကိုရီးယားနိုင်ငံသားတွေဟာ နှစ်ပေါင်း ၇၀ ကြာ အဆက်အသွယ်ပြတ်နေခဲ့တဲ့ မြောက်ကိုရီးယားက မိသားစုဝင်တွေနဲ့ ဒီကနေ့မှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံနိုင်ပြီ ဖြစ်ပါတယ်။
၁၉၅၀-၁၉၅၃ အရေးတော်ပုံ ဖြစ်ပြီးနောက်ပိုင်း တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံလို့ သီးခြားသတ်မှတ် လိုက်ရာ ဆွေမျိုးသားချင်းတွေလည်း အဆက်အသွယ်ပြတ်ခဲ့ကြရတာဖြစ်ပါတယ်။

အီရတ်နိုင်ငံ အတွင်းရှိ IS စစ်သွေးကြွများ သိမ်းပိုက်ခဲ့ဖူးသော ဒေသများ၌ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကူညီရန်အတွက် အမေရိကန် တပ်ဖွဲ့ဝင်များသည် ၄င်းနိုင်ငံအတွင်း ဆက်လက် တပ်စွဲထားမည် ဖြစ်ကြောင်း အမေရိကန် ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သြဂုတ် ၁၉ ရက်တွင် ပြောသည်။