ၾသစေၾတးလ် ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင် အစိုးရအဖွဲ့ ဝန်ကြီးစာရင်း ကြေညာ

သြစတြေးလျ ဝန်ကြီးချုပ်သစ် စကော့မော်ရစ်ဆင်ဟာ သြဂုတ် ၂၆ ရက်နေ့က အစိုးရအဖွဲ့သစ် ဝန်ကြီးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီစာရင်းအရ နိုင်ငံခြားရေးဝန်ကြီးအဖြစ် မာရိစ်ပိန်း၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ခရစ္စတိုဖာပိုင်း၊ ကုန်သွယ်ရေးဝန်ကြီးအဖြစ် ဆိုင်မွန်ဘာမင်ဂမ်တို့ကို ခန့်အပ်ခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်း တန်ဘူးလ်ကို စိန်ခေါ်သူ ပြည်ထဲရေးဝန်ကြီး ပီတာဒက်တန်ကိုတော့ လက်ရှိရာထူးအတိုင်း ဆက်ထားပေမယ့် လူဝင်မှုရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်ခွင့် မပြုဘူးလို့ သိရပါတယ်။

ထိုင်ဝမ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ၄ ဦးသေဆုံး၊ ၁၄၃ ဦးဒဏ်ရာရရှိ

ထိုင်ဝမ်မှာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိရာ ၄ ဦးသေဆုံးပြီး ၁၄၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးခဲ့ရာ တန်ဖိုးငွေ ထိုင်ဝမ်ဒေါ်လာ ၅၆၃.၂ သန်း (ကန်ဒေါ်လာ ၁၈.၃၅ သန်း) ခန့်ဆုံးရှုံးခဲ့ရပါတယ်။ လို့ အာဏာပိုင်တွေက ယနေ့မနက်ပိုင်းမှာပဲ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

တောင်ကိုရီးယားတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

တိုင်ဖွန်းမုန်တိုင်း ဆူးလီဟာ တောင်ကိုရီးယားနိုင်ငံကို သြဂုတ် ၂၃ ရက်မှာ ချဉ်းကပ်လာတာကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ပါတယ်။ မုန်တိုင်းကြောင့် ဂင်ပိုလေဆိပ်က လေယာဉ်ခရီးစဉ် ၂၈၀ နီးပါးနဲ့ ဂျယ်ဂျူးလေဆိပ်က လေယာဉ်ခရီးစဉ် ၃၉၀ နီးပါး အပါအဝင် ခရီးစဉ် ၈၀၀ နီးပါး ဖျက်သိမ်းထားတယ်လို့ တောင်ကိုရီးယား လေဆိပ်များ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ပြောပြီး အဓိကလေဆိပ်ကြီးတွေကိုလည်း ယာယီပိတ်ထားပါတယ်။

ပါတီတွင်း အာဏာလုပွဲမှာ သြစတြေးလျ ၀န်ကြီးချုပ် ဖယ်ရှားခံရ

သြစတြေးလျ အာဏာရ လစ်ဘရယ်ပါတီတွင်း အာဏာလုပွဲမှာ ၀န်ကြီးချုပ် မဲလ်ကွန်တန်းဘူးလ် ဖယ်ရှားခံရပြီး လက်ရှိ ဘဏ္ဍာရေးဝန်ကြီး စကော့မော်ရစ်ဆန်က ၀န်ကြီးချုပ်အဖြစ် မဲအနိုင်ရပါတယ်။

ပါတီတွင်း မဲပေးမှုမှာ ပြည်ထဲရေးဝန်ကြီးဟောင်း ပီတာဒက်တန်ထက် အဖယ်ရှားခံ ၀န်ကြီးချုပ် တန်းဘူးလ်ရဲ့ မဟာမိတ်တစ်ဦးဖြစ်သူ မော်ရစ်ဆန်ဟာ ၄၅-၄၀ မဲရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ကြောင်း ပါတီပြောခွင့်ရသူ နိုလာမာရီနိုက အတည်ပြုပါတယ်။ သုံးနှစ်နီးပါး ၀န်ကြီးချုပ် တာဝန်ယူခဲ့သူ ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်တဲ့ တန်းဘူးလ်ကတော့ ပါတီတွင်း မဲယှဉ်ပြိုင်မှုမှာ မပါဝင်ခဲ့ပါဘူး။

ဟာဝိုင်ယီကနေ တရုတ်ကို ပျံသန်းတဲ့လေကြောင်းလိုင်း ရပ်နားတော့မည်

ဟာဝိုင်ယီကျွန်းကနေ တရုတ်ပြည်ကို တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းလိုင်းကို လေးနှစ်ကြာ ပြေးဆွဲ နေရာကနေ ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။

ဟာဝိုင်ယီကျွန်း ဟိုနိုလူလူ လေဆိပ်ကနေ ဘေဂျင်းအထိ တိုက်ရိုက်ပျံသန်းနေတဲ့ အဲဒီလေကြောင်းလိုင်းကို လာမယ့် အောက်တိုဘာလမှာ ရပ်ဆိုင်းမှာဖြစ်ပါတယ်။ အဲဒီလေကြောင်းလိုင်းကို ၂၀၁၄ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး၊ တပတ်ကို သုံးရက် ပျံသန်းနေတာပါ။

လက်နက်ဝယ်ယူရေးဆွေးနွေးဖို့ ကန်အစိုးရအဖွဲ့ဝင်သုံးဦးက ကမ်းလှမ်းကြောင်း ဒူတာတေး ပြော

ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးအတွက် လက်နက်ပစ္စည်းတွေ ဝယ်ယူရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်သုံးဦးက ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ကြတယ်လို့ သမ္မတ ဒူတာတေး က ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၊ ကုန်သွယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်း မက်တစ်စ် တို့ လက်မှတ်ရေးထိုးထားတဲ့ စာတစောင်လက်ခံရရှိထားပြီး၊ အဲဒီစာထဲမှာ ဖိလစ်ပိုင်စစ်တပ် ခေတ်မီ တပ်မတော် ဖြစ်လာရေးအတွက် အမေရိကန်အစိုးရက အစွမ်းကုန် ထောက်ခံ နေတယ်ဆိုတာ ထပ်မံ အတည်ပြုကြောင်း ရေးသားထားတယ်လို့ ဒူတာတေး က ပြောပါတယ်။

တောင်ကိုရီးယား တရားရုံး က သမ္မတဟောင်း ပက်ဂွမ်ဟေးအား ထောင်ဒဏ် ၂၅နှစ်ချမှတ်

တရားရုံးသို့ ခေါ်ဆောင်လာသည့် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၄ ရက်

တောင်ကိုရီးယားနိုင်ငံ အယူခံတရားရုံးတစ်ခု က သြဂုတ် ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၂၅နှစ်အထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်

ဝါရှင်တန်၊ သြဂုတ် ၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပဲယိုးဟာ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန်အဖြစ် စတီဗင်ဘက်ဂန်းကို ခန့်အပ်ကြောင်း သြဂုတ် ၂၃ ရက်က ကြေညာပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လုံးဝဖျက်သိမ်းရေး အာမခံရရှိရေးကို ရည်သန်ပြီး Ford Motor ကုမ္ပဏီရဲ့ နိုင်ငံတကာအစိုးရဌာနဆိုင်ရာများ ဆက်ဆံရေး ဒုတိယဥက္ကဌဖြစ်တဲ့ ဘက်ဂန်းကို ခုလို ခန့်အပ်တာပါ။

ဗြိတိန် နိုင်ငံ က အမေရိကန် နိုင်ငံ အား အစားထိုး၍ နျူကလီးယား ဓာတ်ပေါင်းဖို ပြုပြင်ရေးလုပ်ငန်းကို လက်ခံလိုက်ကြောင်း အီရန် နိုင်ငံ ထုတ်ပြန်

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အီရန် နျူကလီးယား ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးခဲ့စဉ်(ဆင်ဟွာ)

တီဟီရန် ၊ သြဂုတ် ၂၃ ရက်

လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိမှု သိပ္ပံပညာရှင်များအတည်ပြု

လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိမှုကို ပထမဆုံးအကြိမ် အတည်ပြုနိုင်ပြီဖြစ်ကြောင်းနှင့် အဆိုပါလေ့လာတွေ့ ရှိချက်သည် တစ်နေ့ တွင် လူသားများ လကမ္ဘာပေါ်၌ အသက်ရှင် နေထိုင်နိုင်ရန် အတွက် အကူအညီဖြစ်လာမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက သြဂုတ် ၂၁ ရက်တွင် အတည်ပြုပြောဆို လိုက်သည်။ လကမ္ဘာပေါ်၌ ရေခဲပြင်တည်ရှိသည့် လက္ခဏာကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ သော်လည်း ယခင်လေ့လာတွေ့ရှိချက်များသည် တစ်မူထူးခြားသည့် အလင်းပြန်သော မြေကဲ့သို့ ထူးကဲဖြစ်ရပ် အားဖြင့်သာ ရှင်းပြ နိုင်ခဲ့ကြောင်း လေ့လာရေးအဖွဲ့ကပြောသည်။