
အသံဖိုင်ကိစ္စကြောင့် ထိုင်းဝန်ကြီးချုပ်ကိုနုတ်ထွက်ရန်ဆန္ဒပြတောင်းဆို
========================
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုခဲ့သည့် အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် ကြာသပတေးနေ့နံနက်ပိုင်းတွင် အစိုးရအိမ်တော်အနီးသို့ ဆန္ဒပြသူများ စတင်စုဝေးလာခဲ့ကြပြီး ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ ကိုရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြချီတက်ပွဲကို ကျောင်းသားများကွန်ရက်နှင့် ထိုင်းပြုပြင်ပြောင်းလဲရေး ပြည်သူများအဖွဲ့တို့က ဦးဆောင်ခဲ့ပြီး ၎င်းတို့သည် ပေတုံတန်၏ ဖခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ထောင်ဒဏ်ကျခံနေရစဉ် အထူးကုသခွင့် အခွင့်အရေးရရှိခဲ့မှုကို ဖြေရှင်းချက်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။









