
(နိုင်ငံတကာ) အောက်တိုဘာ ၂
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူးပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက် ညပိုင်းက ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျု ရှိ ငလျင်လှုပ်ခတ်ရာ သေဆုံးသူဦးရေမှာ ၆၉ ဦးအထိရှိလာပြီဟု ဖိလစ်ပိုင်ပြည်သူ့ကာကွယ်ရေးရုံး(အိုစီဒီ)က အောက်တိုဘာလ ၁ ရက်တွင် ပြောသည်။

(နိုင်ငံတကာ) အောက်တိုဘာ ၂
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူးပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက် ညပိုင်းက ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျု ရှိ ငလျင်လှုပ်ခတ်ရာ သေဆုံးသူဦးရေမှာ ၆၉ ဦးအထိရှိလာပြီဟု ဖိလစ်ပိုင်ပြည်သူ့ကာကွယ်ရေးရုံး(အိုစီဒီ)က အောက်တိုဘာလ ၁ ရက်တွင် ပြောသည်။

===================
(နိုင်ငံတကာ) အောက်တိုဘာ ၂
အမေရိကန်သမ္မတထရမ့်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့်ဝါရှင်တန်တွင် စက်တင်ဘာလ ၂၉ ရက် က ဆွေးနွေးခဲ့ပြီးနောက် ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
နေတန်ယာဟုနှင့်ဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲကျင်းပရာတွင် ထရမ့် က မိမိအနေဖြင့် အာရပ်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဝန်ကြီးချုပ်နေတန်ယာဟုအား အပစ်အခတ်ရပ်စဲရေးအစီအစဉ်အပေါ် သဘောတူသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ထရမ့်ကပြောကြားသည်။

==============
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ရုရှားနိုင်ငံ၏ကမ်းရိုးတန်းအနီးသို့ ရွှေ့ပြောင်းနေရာချထားသည် ဟု စက်တင်ဘာလ ၃၀ ရက်တွင် ထပ်မံ ပြောဆို လာသည်။

ထရမ့်ကို လျော်ကြေး ဒေါ်လာ ၂၄.၅ သန်းပေးပြီး အမှုကျေအေးဖို့ သဘောတူရတဲ့ YouTube
================

==========================
(နိုင်ငံတကာ) အောက်တိုဘာ ၁
ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် အနည်းဆုံး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရအရာရှိတစ်ဦးက ပြောကြားပြီး နိုင်ငံရဲ့ အဆိုးရွားဆုံး ကပ်ဘေးတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

=====================
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့် မည်သည့်အဆိုပြုချက်ကိုမဆို လက်ခံ မည် မဟုတ်ကြောင်း ဟားမတ်စ်အဖွဲ့က စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ကာတာမြို့တော် ဒိုဟာ တွင် ဟားမတ်စ်အဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် စက်တင်ဘာလ ၉ ရက်မှစပြီး အပစ် အခတ် ရပ်စဲရေးညှိနှိုင်းမှုများ ရပ်တန့်သွားခဲ့ကြောင်း ဟားမတ်စ်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်ရှိကမ္ဘာ့အမြင့်ဆုံးတံတားပေါ် ယာဉ်များဖြတ်သန်းခွင့်ပြု
=====================
တရုတ်နိုင်ငံတွင် ကမ္ဘာအမြင့်ဆုံးတံတားကို စက်တင်ဘာလ ၂၈ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သည်။ သုံးနှစ်ကြာ တည်ဆောက်ခဲ့သောတံတားကြီးသည် အဆိုပါပြည်နယ်မှာပင်ရှိသည့် အခြားတံတားတစ်စင်း၏ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့သည်။
ဟွာကျန်းဂရင်းကင်ညွန်တံတားသည် Guizhou ပြည်နယ်ရှိ ကျယ်ပြန့်သောချောက်ကြီးနှင့် မြစ်တစ်စင်း၏ အထက် ၆၂၅ မီတာတွင် တည်ရှိသည်။ အဆိုပါပြည်နယ်တွင် လက်ရှိ၌ ကမ္ဘာ့ဒုတိယအမြင့်ဆုံးဖြစ်သွားသည့် အမြင့် ၅၆၅ မီတာရှိ ဘေဖန်ကျန်းတံတားလည်းတည်ရှိသည်။

================
အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟုက နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာလ ၂၆ ရက်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။
မကြာသေးမီက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုထားသော ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နိုင်ငံအချို့ကိုလည်း ၎င်းက ဝေဖန်ခဲ့သည်။

==================
ကာစက်စတန်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းဆွေးနွေးပွဲကို လက်ခံကျင်းပပေးရန် ဆန္ဒရှိကြောင်း၊ ရုရှားနိုင်ငံနှင့်ယူကရိန်း နိုင်ငံတို့မှ ခေါင်းဆောင်များအနေဖြင့် ကာဇက်စတန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှု လုပ်ရန်ဆန္ဒရှိပါက လိုအပ်သည့်အရာများအားလုံးကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံသမ္မတ တက်ဆင်ကျိုမာ့ တိုကာယက် က စက်တင်ဘာလ ၂၄ ရက် တွင်ပြောသည်။

=================
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ ဆေးရုံတစ်ခုရှေ့က လမ်းမကြီးပေါ်မှာ ယမန်နေ့ နံနက်ပိုင်းက ကြီးမားကျယ်ပြန့်တဲ့ မြေကျွံကျင်းကြီး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒူဆစ်ခရိုင် ဘန်ကောက်မြို့က ဝဇီရာဆေးရုံအနီးမှာ မနက် ၇ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ဝဇီရာရထားဘူတာသစ်အတွက် ဆောက်လုပ်ရေးလုပ်ဆောင်နေတဲ့ မြေအောက်လိုဏ်ခေါင်းကနေ ယိုစိမ့်မှုဖြစ်ပေါ်ခဲ့ပြီးနောက် မြေကျွံကျင်းကြီး ဖြစ်ပေါ်လာခဲ့တာလို့ သိရပါတယ်။