အမေရိကန်က ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းနေခြင်းကို အဆုံးသတ်ပေးရန် ဆော်ဒီအစိုးရ သတိပေး

ဆော်ဒီအစိုးရက နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သောသတင်းထုတ်ပြန်ချက်အတွင်း၌ ဆော်ဒီ၏ ပြည်တွင်းရေးအား ၀င်ရောက်စွက်ဖက်သကဲ့သို့ ဖြစ်နေသော အမေရိကန်၏ လုပ်ဆောင်ချက်များကို ရပ်တန့်ပေးရန် သတိပေးခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။

အမေရိကန်လွှတ်တော်များသည် ယီမင်စစ်ပွဲနှင့်ဆိုင်သော အကြောင်းအရာများ၊ တူရကီနိုင်ငံရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးသို့ သွားရောက်စဉ်အတွင်း သေဆုံးသွားခဲ့သော ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ခါရှိုဂီနှင့်ဆိုင်သော အကြောင်းအရာများနှင့် ပတ်သက်သော အမေရိကန်အစိုးရ၏ မူဝါဒပိုင်းကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းအား ဆော်ဒီအစိုးရက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပယ်ခံထားရသည့် သီရိလင်္ကာဝန်ကြီးချုပ် ပြန်လည်ခန့်အပ်

သမ္မတမိုင်သီရိပါလာ သီရိဆီနာက ဖြုတ်ချခဲ့ပြီး နှစ်လ အကြာတွင် ရာနေးလ်ဝစ်ကရီမီ ဆင်ဂီသည် ဝန်ကြီးချုပ် အဖြစ် ဒီဇင်ဘာ ၁၆ ရက်က ကျမ်းသစ္စာ ပြန်လည်ကျိန်ဆိုခဲ့သည်။

တံခါးပိတ်ကျမ်းသစ္စာကျိန် ဆိုပွဲ ကျင်းပစဉ် ဆင်ဂီကို ထောက်ခံသူများက မီးရှူးမီးပန်းများ ပစ် ဖောက်ကာ အောင်ပွဲခံခဲ့သည်။

မြောက်အမေရိကားတိုက် အကြီးဆုံး စိန်ရိုင်းတုံး

ကနေဒါမိုင်းကုမ္ပဏီ တူးဖော်ရရှိခဲ့သည့် စိန်အရိုင်းတုံး။

မြောက်အမေရိကားတိုက်အတွင်း အကြီးဆုံး စိန်အရိုင်းတုံးကြီးတခုကို ကနေဒါ မိုင်းကုမ္ပဏီတခုက တူးဖော် တွေ့ရှိခဲ့ပါတယ်။ အဲဒီ စိန်အရိုင်းတုံးဟာ အ၀ါရောင် သန်းနေပြီး အရွယ်အစားအားဖြင့် ကြက်ဥအသေးစားလောက် ရှိတယ်လို့ ဆိုပါတယ်။

ဂျော်ဂျီယာ ပထမဆုံးအမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆို

ဂျော်ဂျီယာနိုင်ငံသမ္မတသစ် Salome Zurabishvili

ဂျော်ဂျီယာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတ တနင်္ဂနွေနေ့က ကျမ်းသစ္စာ ကျိန်ဆို လိုက်ပါပြီ။ ရွေးကောက်ပွဲ အတွင်း မရိုးသားမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ပါလီမန် ရွေးကောက်ပွဲတွေကို အမြန်ဆုံး ပြန်ပြန်ကျင်းပပေးဖို့ အတိုက်အခံပါတီဘက်က တောင်းဆို နေတဲ့ကြားကဘဲ Salome Zurabishvili ဟာ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်တာပါ။

သမိုင်းဝင်ခေါင်းလောင်းများ ပြန်လည်ပေးအပ်သော အမေရိကန်ကို ဖိလစ်ပိုင်သမ္မတ ချီးကျူး

သမ္မတဒူတာတီ ဘယ်လန်ဂီဂါခေါင်းလောင်း ထိုးနေစဉ် (Erik De Castro/REUTERS)

 လွန်ခဲ့သည့် ရာစုနှစ် တစ်ခုကျော်က အမေရိကန်တပ် ဖွဲ့ဝင်များ လုယူသွားသော ခေါင်း လောင်းသုံးလုံးသည် ယခုအခါ ဖိလစ်ပိုင်နိုင်ငံရှိ ၎င်းတို့၏ မူလခရစ်ယာန်ဘုရားကျောင်းသို့ ပြန်လည် ရောက်ရှိလာသည်။

ဟောင်ကောင်တွင် ငွေမိုးရွာသဖြင့် ဒေသခံများ အလုအယက်ကောက်ယူ

ဒီဇင်ဘာ ၁၅ ရက်က ဟောင်ကောင်ဒေသရှိ ရှမ်ရှူယီပိုခရိုင်တွင် ငွေစက္ကူများ ရွာသွန်းခဲ့ရာ ဒေသခံများက အလုအယက် ကောက်ယူခဲ့သည်။

အဆောက်အအုံ တစ်လုံး ပေါ်မှ ရာနှင့်ချီသော ငွေစက္ကူများ ကြဲခဲ့ရာ ပျော်ရွှင်နေသော လူအုပ်ကြီးက ယင်းငွေများကောက်ရန် အလုအယက်ပြေးလွှားနေ သော ဗီဒီယိုဖိုင်များ အွန်လိုင်း ပေါ်တွင် ပျံ့နှံ့ခဲ့သည်။

အီရတ်တွင် IS အဖွဲ့၏ လှုပ်ရှားမှုများ ပြန်လည်ပေါ်ထွက်လာဟု သတိပေး

အီရတ်နိုင်ငံအတွင်း၌ IS အဖွဲ့၏ လှုပ်ရှားမှုများ ပြန်လည်ပေါ်ထွက်လာသည်ဟု နိုင်ငံတကာလုံခြုံရေး အဖွဲ့အစည်းအချို့က သတိပေးခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ ထိန်းချုပ်နယ်မြေများကို လက်လွှတ်ခဲ့ရပြီးဖြစ်သော်လည်း ကျန်ရှိနေသည့် အဖွဲ့ဝင်များသည် ပြောက်ကျားအသွင်ဖြင့် လှုပ်ရှားမှုများ ဆက်လက်ြ ပုလုပ်လျက် ရှိသည်။

ပြင်သစ်ခရစ္စမတ်ဈေး ပစ်ခတ်သူကို ရဲတပ်ဖွဲ့က အသေလက်ရ ဖမ်းမိ

ပြင်သစ်နိုင်ငံ စတာရက်ဘတ်ခ်ျမြို့က ခရစ္စမတ်ဈေးမှာ လူသုံးဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို ပြင်သစ်ရဲတပ်ဖွဲ့ဟာ ကြာသပတေးနေ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။

လူစည်းကားရာ ခရစ္စမတ်ဈေး လူအုပ်ကို ပစ်ခတ်သူဟာ ၎င်းတို့ရဲ့ စစ်သားဖြစ်တယ်လို့ IS အဖွဲ့က ကြေညာထားပါတယ်။

ကနေဒါနိုင်ငံသားနောက်တဦး တရုတ် ဖမ်းဆီး

တရုတ်က ဖမ်းဆီးထားတဲ့ သံတမန်ဟောင်း Michael Kovrig နှင့် စီးပွားရေးအကြံပေး Michael Spavor

တရုတ်နည်းပညာကုမ္ပဏီတခုရဲ့အမှုဆောင်အရာရှိတဦးကို ကနေဒါအာဏာပိုင်တွေက အခုလအစောပိုင်းမှာ ဖမ်းဆီးလိုက်ပြီးတဲ့နာက် ဒုတိယမြောက် ကနေဒါနိုင်ငံသားတစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ တရုတ်အာဏာပိုင်တွေဘက်က အတည်ပြုလိုက်ပါတယ်။

ထရမ့်၏ ရှေ့နေဟောင်း မိုက်ကယ်ကိုဝင်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ရေးရှေ့နေဟောင်းဖြစ်သူ မိုက်ကယ်ကိုဝင်ကို နယူးယောက် တရားရုံးက ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။

မိုက်ကယ်ကိုဝင်ကို ထရမ့်ရဲ့ ၂၀၁၆ မဲဆွယ်ပွဲ အထောက်အကူဖြစ်ဖို့အတွက် အမျိုးသမီးတွေကို တရားမဝင် တိတ်တဆိတ် ငွေပေးရာမှာ ပါဝင်ခဲ့မှု၊ အဆိုပြုထားတဲ့ ရုရှားက ထရမ့်တာဝါ ပရောဂျက်နဲ့ ပတ်သက်လို့ ကွန်ဂရက်ကို လိမ်ညာခဲ့မှုအတွက် အခုလို ထောင်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။