
ကမ္ဘာ့နံပါတ် (၁) တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်သည် လက်ပန်းကျပုံပေါ်နေသော တီစီပရပ်စ်ကို အနိုင်ရပြီး မက်ဒရစ်အိုးပင်းဖလားကို တတိယအကြိမ် ဆွတ်ခူးခဲ့သည်။ ဆားဘီးယားကြယ်ပွင့် ဂျိုကိုဗစ် (၃၁)နှစ်အနေဖြင့် အကြိုဗိုလ်လုပွဲတွင် စပိန်နာမည်ကြီး ရာဖေးလ်နာဒယ်ကို ဖြတ်ကျော်ခဲ့သော ဂရိတက်သစ်စလူငယ်တီစီ ပရပ်စ် (၂၀) နှစ်ကို ကစားချိန် ၁ နာရီ ၃၂ မိနစ်အတွင်း ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိသည်။









