
အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် အီရန်နိုင်ငံ၏ စီးပွားရေးတွင် ဖိအားများကျရောက်လျက် ရှိနေသော်လည်း အီရန် အနေဖြင့် အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးလိမ့်မည်မဟုတ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီ က ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်က ပိတ်ဆို့မှုများ လုပ်ဆောင်နေခြင်းမှာ နျူကလီးယားအရေးကိစ္စနှင့်မသက်ဆိုင်ဘဲ အီရန်၏ လက်ရှိ အချုပ်အခြာအာဏာကို ထိခိုက်အောင်ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ရိုဟာနီက ပြောကြားခဲ့သည်။ အမေရိကန်နှင့် အီရန်တို့သည် စီးပွားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲနေကြောင်း ၎င်းက ပြောကြားခဲ့သည်။








