
မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက် လမ်းကြောင်းနှင့် ကော့သောင်း-ရနောင်းလမ်း ကြောင်းတို့မှ ဇွန် ၁၇ ရက်က MoU လုပ်သား ၃၄၈ ဦး ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။ မြဝတီမြို့ မြန်မာ-ထိုင်း အမှတ် (၂ )ချစ် ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ နှစ် နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် မြန်မာ လုပ်သား ၂၉၈ ဦးကို ဇွန် ၁၇ ရက်က ပြည်ပအ လုပ်အကိုင်အကျိုးဆောင် Top 1 အေဂျင်စီ နှင့် ရွှေဝတ်မှုံခအေဂျင်စီတို့က ထပ်မံစေလွှတ် ခဲ့ကြောင်း သိရသည်။








