
တောင်ကိုရီးရီးယားနိုင်ငံကနေ မြန်မာလုပ်သားတွေကို ပြန်လည်ခေါ်ယူနေရာမှာ ဇွန်လ(၂၁)ရက်က လုပ်သားအယောက်(၁၃၀)ဟာ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိ လာတယ်လို့ ဆိုးလ်မြို့၊ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
အဲဒီလုပ်သားတွေအားလုံးဟာ ကုန်ထုတ် လုပ်သားတွေအဖြစ် လုပ်ကိုင်မယ့်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ရောက်ရှိလာတဲ့ လုပ်သား တွေကို မြန်မာသံရုံး အလုပ်သမားသံအရာရှိက ကြိုဆိုပြီး အဆင်ပြေအောင် ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ ဆိုပါတယ်။







