
ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုများ ပြန်လည် ဖြစ်ပွားနေ၍ ရန်ကုန်မျက်စိရောဂါ အထူးကု ဆေးရုံကြီးမှ လူနာများကုသမှုကို ကန့်သတ်လိုက်ကြောင်း သိရသည်။ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးသို့ အွန်လိုင်းဘိုကင် ယူထားသူများပြန်ပြရန် ရက်ချိန်း ပေးထားသော လူနာများနှင့် အရေးပေါ်လူနာများသာ လက်ခံကုသပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အွန်လိုင်းဘိုကင် မရသူများအနေဖြင့် ဖုန်း ၀၉-၄၀၈၆၀၉၉၇၇ သို့ ရုံးဖွင့်ရက်များတွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။



















