
တောင်ကိုရီးယားနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သားသစ် ၁၇၉ ဦးသည် ဇူလိုင် ၂၈ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံ ရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန် ထားသည်။ အဆိုပါ အလုပ်သမားများအနက် CBT လုပ်သားနှစ်ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၇၇ ဦး၊ စုစုပေါင်း ၁၇၉ ဦး တို့ဖြစ်ကြောင်း သိရသည်။











