
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေးလပ်ဗရော့က မြန်မာနိုင်ငံအတွက် မျောက်ကျောက်ရောဂါစစ်ဆေးတဲ့ Test Kit တွေလှူဒါန်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မစ္စတာဆာဂေးလပ်ဗရော့ဟာ ဩဂုတ် ၃ ရက် မနက်ပိုင်းက နေပြည်တော်ကိုရောက်ရှိခဲ့ပြီး နစကဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံ ကာ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။









