ပြည်ပကို ဆန်တန်ချိန် နှစ်သန်း တင်ပို့ရောင်းချမည်

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် နှစ်သန်း တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။ ပြည်တွင် ဆန်ဈေးကွက်ထဲမှာတော့ ဆန်ဖူလုံမှုရှိနေပြီး ပြည်ပကို လစဉ် ဆန်တန်ချိန် နှစ်သိန်းလောက်တင်ပို့နေတာရှိတယ်လို့လည်း ဆိုပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိ

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာ ဂေးလာရောဗ့်သည် ယနေ့(သြဂုတ် ၃ ရက်)တွင်  မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ၎င်း၏ တွစ်တာစာမျက်နှာတွင်သတင်း ထုတ်ပြန်သည်။

ယခုခရီးစဉ်အတွင်း  ရုရှားနိုင်ငံခြား ရေးဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့်တွေ့ဆုံမည့်အပြင် အခြား သော နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းခရီးစဉ်နှင့်ပတ်သက်၍ ယမန်နေ့က ရုရှားနိုင်ငံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၅) ဦး တွေ့ရှိ

(၁-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၂၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၈) ရာခိုင်နှုန်း ရှိပါသည်။

အယ်လ်ကိုင်းဒါးခေါင်းဆောင် အမေရိကန်လက်ချက်ဖြင့် သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခုမှာ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟီရီကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု လိုက်ပါတယ်။ အာဖဂန်နစ္စတန်မြို့တော် ကဘူးလ် ကလူနေအိမ်ရာတစ်ခုမှာ မိသားစုနဲ့အတူ ပုန်းအောင်းနေတဲ့ အယ်လ်ဇာဝါဟီရီကို အမေရိကန်ထောက်လှမ်းရေး CIA က အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ စုံစမ်းရှာဖွေခဲ့ပြီး၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒရုန်းနဲ့ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ သမ္မတဘိုင်ဒန်က အိမ်ဖြူတော်မှာ ညနေခင်းမိန့်ခွန်းပြောကြားရာမှာ “အယ်လ်ဇာဝါဟီရီဟာ အမေရိကန် အရပ်သားတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ လူသတ်မှုတွေကို ရှေ့ဆောင်လမ်းပြလုပ်နေသူ သမ္မတဘို ဖြစ်ပါ တယ်။

ပါတီဗဟိုတိုင်ပင်ခံ ဦးရဲမြင့် ပြင်ဦးလွင်ရေဘေးသင့်ပြည်သူများ သွားရောက်ကူညီ

ပြင်ဦးလွင် ဩဂုတ် – ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ပြင်ဦးလွင်ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီခဲ့ကြောင်းသိရသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးကူညီမှု ဒုတိယနေ့တွင် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဠ ဦးဟိန်းမင်းဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ကော်မတီဝင်များသည် ပြင်ဦးလွင်မြို့ ရေဘေးသင့် ပြည်သူများအား ထမင်းဗူး၊ ရေသန့်ဗူး၊ ခေါက်ဆွဲခြောက်များ ဆက်လက်၍ သွားရောက်လူဒါန်းခဲ့ပါသည်။

ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၇၀၀၀ အပါအဝင် ဆန်ချော၊ ဆန်ကြမ်းများကိုသက်သာသော စျေးနှုန်းဖြင့် တစ်အိမ်ထောင်လျှင် တစ်အိတ် သြဂုတ် ၃ ရက်မှ စတင်ရောင်းချမည်

ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၇၇၀၀၀ အပါအဝင် ဆန်ချော၊ ဆန်ကြမ်းများ ကို သက်သာသောစျေးနှုန်းဖြင့် တစ်အိမ် ထောင်လျှင်တစ်အိတ် သြဂုတ် ၃ ရက်မှစတင် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း နှင့် ဆန်စပါးကုန်စည်ဒိုင်(၀ါးတန်း)၊ ဆန်စပါး ကုန်စည်ဒိုင်( ဘုရင့်နောင်) တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် စားသုံးသူများအတွက် သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချမည့် အစီအစဉ်ဖြစ်သည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၂၁) ဦး တွေ့ရှိ

(၃၁-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၅၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၂၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၂) ရာခိုင်နှုန်း ရှိပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလ တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များ တွေ့ဆုံပွဲကျင်းပပြုလုပ်

(၃၀.၇.၂၀၂၂)ရက်နေ့နံနက်(၁၀း၀၀)အချိန်တွင်မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးအတွင်မြို့နယ်(၂၈)မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသောအသင်းဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပါတီဝင်များ၊ ပါတီမိသားစုများ၊ ဝန်းရံသူများအား သတိရအောက်မေ့သည့် အနေဖြင့် ၂ မိနစ် ငြိမ်သက်ခဲ့ပြီးနောက် အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ပါသည်။

ခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သရက် ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်ကော်မတီဝင်များ၊ (၄)မြို့နယ်မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ၌ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတာဝန်ထမ်းဆောင်ခဲ့ကြသောအသင်းဝင်များ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ချောက် ဇူလိုင် ၃၁

(၃၁.၇.၂၀၂၂ )  ရက်နေ့  နံနက်(  ၉:၃၀  )အချိန်တွင်  မကွေးတိုင်းဒေသကြီး  ချောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ချောက်မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ    ဝါရင့်ပါတီဝင်များ    ပါတီဝန်းရံသူများ   အသင်းကာလက တာဝန်ထမ်းဆောင်ခဲ့ကြသော  အသင်းဝင်များ နှင့်  တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။