အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရလဒ်များကို စုစည်းဆွေးနွေးသည့် ကဏ္ဍအလိုက် လုပ်ငန်းကော် မတီများ အစည်းအဝေးပြုလုပ်ရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး တက်ရောက်မည့်သူများ သတ်မှတ်ရေးကိစ္စများအား ဆွေးနွေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးအား နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ယနေ့ (ဧပြီ ၂၆) ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲY၀င် စိုင်းကျော်ညွန့်ထံမှ သိရသည်။ (more…)
မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းပြပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
မြန်မာ့သစ်တောထွက်ပစ္စည်းများအား ပြည်သူလူထုကို အသိပညာ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ရန်နှင့် နိုင်ငံတော်အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် သစ်တောသယံဇာတ ရေရှည်တည်တံ့ အသုံးချနိုင်ရေး ဆောင်ရွက်နေမှုများ သိရှိရန်ရည်ရွယ်၍ သစ်တောထွက် ပစ္စည်းပြပွဲ ၂ဝ၁၇ ကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် မေ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (more…)
ဆင်းမ်ကတ်အသစ် ၀ယ်ယူပါက ယခင်ကဲ့သို့ ချက်ချင်း အသုံးပြုနိုင်ခြင်း မရှိတော့ဘဲ မှတ်ပုံတင် ပြီးမှသာ စတင် အသုံးပြုနိုင်ခြင်းကြောင့် ဈေးကွက်အတွင်း အခက်အခဲ များဖြစ်ပေါ်
ဆင်းမ်ကတ်အသစ် ၀ယ်ယူအသုံးပြုပါက ယခင်ကဲ့သို့ ချက်ချင်းအသုံးပြုနိုင်ခြင်း မရှိတော့ဘဲ မှတ်ပုံတင်ပြီး မှသာ စတင်အသုံးပြုနိုင်ခြင်းကြောင့် ဈေးကွက်အတွင်း အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။ (more…)
ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပါဝင်လှူဒါန်းနိုင်
နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန်အား ချစ်ခင်လေးစားသူ ပရဟိတအသင်းအဖွဲပေါင်း (၂၈) ဖွဲ့ခန့်က နေပြည်တော်၊ ညောင်ပင်ကြီးစု ရှေးဟောင်းသိမ်ကျောင်းကျောင်းတိုက်တွင် ကဆုန်လပြည့်အခါသမယ၌ ကျင်းပမည့် ကဆုန်ညောင်ရေသွန်းပွဲနှင့် သံဃာတော် (၅၀၀) ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းက ပါဝင် လှူဒါန်းသွားမည်ဖြစ်ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရွေ့လျားလာသော မိုးတိမ်တိုက်ကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ များတွင် မိုးသည်းထန်ခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်း ဖြစ်ပွားနိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရွေ့လျားလာသော မိုးတိမ်တိုက်တစ်ခုကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ များတွင် မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။ (more…)
ကျပ် ၅၀ တန် အွန်လိုင်းထီရောင်းချရန် စီစဉ်နေ
အောင်ဘာလေထီကို ဇူလိုင်လကစပြီး ထီဆုမဲအရေအတွက် တိုးမြှင့်သွားမှာဖြစ်ပြီး ကျပ် ၅၀ တန်ထီ e-Lottery လက်မှတ်တွေလည်းထုတ်ဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်နေ ကြောင်း သိရသည်။ (more…)
ရသေ့တောင်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကျင်းပ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ မြို့နယ်ကော်မတီဝင်များ တွေ့ဆုံခြင်း အခမ်းအနားကိုကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုခဲ့ကြောင်း သိရသည်။

ခရိုင်မြို့နယ်ပါတီအဖွဲ့ တွေ့ဆုံပြီး ပါတီဝင်များ စိစစ်ရေးကိစ္စနှင့် စည်းရုံးရေးရာကိစ္စများ ဆွေးနွေးညှိနှိုင်း
25.4.2017 ရက်နေ့ (၁၁း၄၅) အချိန်၌ ဒဂုံအရှေ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ခရိုင်မြို့နယ်ပါတီအဖွဲ့ တွေ့ ဆုံပြီး ပါတီဝင်များ စီစစ်ရေးကိစ္စ နှင့် စည်းရုံးရေးရာကိစ္စများ ဆွေးနွေးညှိနှိုင်းကြပါသည် ။

ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အား ကွင်းဆင်းစိစစ်ဆောင်ရွက်
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေဒနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဌ ဦးလင်းအောင်အောင် ဦးဆောင်၍ မြို့နယ် ပါတီကော်မတီဝင်များနှင့် ပါတီဝင်အင်အားစီစစ်ခြင်း ပါတီဝင် နှစ်စဉ်ကြေးပေးသွင်းခြင်းတို့နှင့်ပတ်သတ်၍ ဧပြီ (၂၄) ရက်က အမှတ် (၁၈) ရပ်ကွက်ရှိ ရပ်ကျေး ပါတီကော်မတီဝင် ဦးတင်စိန်၏နေအိမ်မှစတင်၍ ရေပြာလမ်း စစ်ကိုင်းလမ်းနှင့် သမာဓိလမ်းသွယ်တို့ရှိ ရပ်/ကျေး ပါတီကော် မတီဝင်များနှင့် ရပ်ကွက်တွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်း စီစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပုဇွန်တောင်ပြည်ခိုင်ဖြိုးရုံး၌ ရွှေဂျိုးဖြူမူလခဲရှေးဟောင်းဘုရားများ ကြွရောက်သီတင်းသုံး

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ၃ ရပ်ကွက် အောက်ပုဇွန်တောင်လမ်း၊ အမှတ် ၄၃၅ ရှိ ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ရွှေဂျိုးဖြူမူလခဲ ရှေးဟောင်း ဘုရားများ ယခုလ ၁၉ ရက်မှ မေ ၄ ရက်နေ့အထိ ကြွေရာက် သီတင်းသုံးမည်ဖြစ်ကြောင်းနှင့် မည်သူမဆို (နေ့/ည) အချိန်မရွေး လာရောက်ဖူးမြော်အဓိဋ္ဌာန်ဝင်နိုင်ကြောင်း ဖိတ်ကြား နှိုးဆော်ထားသည်။
အေးအေးဝင်း(ပုဇွန်တောင်)



