ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးနှီးနှောပွဲက ဘာသာတရားများအကြား ချစ်ကြည်မှုနှင့် အပြန်အလှန်နားလည်မှုများ တိုးပွားလာစေရေးအထက်မှ အောက်ခြေထိ လုပ်ဆောင်ရန် အပါအ၀င် အကြံပြုချက် ၁၀ ချက်ရရှိရာ ယင်းအကြံပြုချက်များကို အစိုးရနှင့်လွှတ်တော်သို့ ပေးပို့ မည်ဖြစ်သည်။ (more…)
ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် လျှောက်လွှာခေါ်မည်
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်ဗထူးတန်ဖိုးမျှတ အိမ်ရာစီမံကိန်း (ဒုတိယအဆင့်) ရှိ တိုက်ခန်း ၈၀၀ ကျော် ရောင်းချရန် မေလ ၂ ရက်နေ့တွင် လျှောက်လွှာစခေါ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရသည်။ (more…)
ရွှေဒါးဆရာတော်ကြီးဈာပနအတွက် ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်မိသားစုအလှူငွေများပေးအပ်လှူဒါန်း
ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းဘုတ်တင်ပြီး စတင်ဖြတ်သန်းခွင့်ပြု
မွန်ပြည်နယ် မော်လမြိုင်မြို့မှ ချောင်းဆုံမြို့သို့ ဆက်သွယ်သည့် မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း)အမည်ဖြင့် ဧပြီ ၂၆ ရက် ည ၉ နာရီတွင် ဆိုင်းဘုတ်တင်ခဲ့ပြီး ဧပြီ ၂၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်၌ ခရီးသွားပြည်သူများအား ဆိုင်ကယ်များနှင့် ကားများအား အခမဲ့ဖြတ်သန်းခွင့်ပြုခဲ့သည်။ (more…)
စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ကျန်ရစ်သူမိသားစုများထံသို့ ဆန်တစ်အိတ်၊ ငွေကျပ်(၁၀၀၀၀ိ/-)နှင့်ဗလာစာအုပ်များထောက်ပံလှူဒါန်း
စဉ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ရေတွင်းတူးဖေါ် ပရဟိတလုပ်ရင်း ရေတွင်းထဲ၌အောက်ဆီဂျင်ပြတ်ကာသေဆုံးသွားသော စဥ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာမှ ဦးသန်းမြတ်စိုး(၃၅-နှစ်)နှင့်ဦးသိန်းလင်း(၅၄-နှစ်)တို့၏ကျန်ရစ်သူမိသားစုများထံသို့ စဥ့်ကိုင်မြို့ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်ပြုံးနှင့်အဖွဲ့မှ (၂၆.၄.၂၀၁၇)ရက်နေ့ (၁၃း၃၀)အချိန်တွင် သွားရောက်မေးမြန်းအားပေးစကားပြောကြားခဲ့ပြီး ကျန်ရစ်သူမိသားစုအတွက်ဆန်တစ်အိတ်၊ ငွေကျပ်(၁၀၀၀၀ိ/-)နှင့်ဗလာစာအုပ်များထောက်ပံလှူဒါန်းခဲ့ပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး
(၁၀၉) ကြိမ်မြောက် ရန်အောင်မြင် ရွှေဘုံသာမြို့နယ်လုံးကျွတ် သံဃာ့ ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ
အိမ်မဲ ပြည်ခိုင်ဖြိုး မိသားစု မှ 23-4-2017 (တနင်္ဂနွေနေ့) မွန်းလွဲ ၂ နာရီ အချိန်က (၁၀၉) ကြိမ်မြောက် ရန်အောင်မြင် ရွှေဘုံသာ မြို့နယ်လုံးကျွတ် သံဃာ့ ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၌ ဘုန်းတော်ကြီးကျောင်း ၁၇၅ ကျောင်း ၊ သီလရှင်စာသင်တိုက် ၇ တိုက်မှ သံဃာ ၁၀၆၄ ပါးနှင့် သီလရှင် ၇၄ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြပါသည်။
အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသို့ ပါတီနှစ်စဉ်ကြေးပေးအပ်
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီသို့ မြို့နယ် ၁၃ မြို့နယ်မှ ပါတီဥက္ကဋ္ဌများက ပါတီနှစ်စဉ်ကြေးကျပ် ၉၄၈ဝဝဝ ကို ယမန်နေ့က ခရိုင်ပါတီရုံးသို့ လာရောက်ပေးအပ် ကြရာ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်၊ စည်းရုံးရေးရာတာဝန်ခံ ဒေါ်အိအိ လှိုင်နှင့် ခရိုင်ကော်မတီဝင် ဒေါ်စန်းစန်းဝင်းတို့က လက်ခံရယူခဲ့ ကြကြောင်း သိရပြီး ပါတီဝင် စိစစ်ပြီး အင်အား ၅၈၁၈ ဦးနှင့် ပါတီဝင်အသစ်အင်အား ၃၃၅ ဦး ထပ်မံစည်းရုံးနိုင်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်း ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေး အင်အားစာရင်းစိစစ်ဆောင်ရွက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်း မြို့နယ်ဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဦးကိုကိုနိုင် (နယ်မြေတာဝန်ခံ)တို့သည် ယမန် နေ့ညနေ၆နာရီခွဲတွင် (င/က) ရပ်ကွက်သို့ လမ်းအလိုက်အပိုင် (၅)ပိုင်သို့ ငယ်စာရင်းဇယားများ စိစစ်ခြင်း၊ ပါတီဝင်လူငယ်အသစ် စုဆောင်းခြင်း၊နှစ်စဉ်ကြေးကောက်ခံ ရန်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
SL
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ လပတ်ညှိနှိုင်းအစည်းအဝေးကျင်းပ
၂၁ ရာစုပင်လုံညီလာခံသို့ တက်သင့်၊ မသင့်ဆွေးနွေးရန် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပမည်
ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသေး၍ ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်ရန်သင့်၊ မသင့်ကို ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးရန်စီစဉ်နေကြောင်း ပါ တီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။ (more…)



