ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် လိုအပ်သည့်ကမ္ဘာ လုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက်သုံးချက်ကို အတည်ပြုရွေးချယ်ခဲ့ပြီးဖြစ် ကာယခုနှစ် စက်တင်ဘာလ အတွင်း မူကြမ်း တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂံကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးလုပ်ငန်း အဖွဲ့မှ သိရသည်။
YBS ယာဉ်လိုင်းစနစ် မထသအတိုင်း ပြန်ဖြစ်လာလို့ တိုင်းလွှတ်တော်မှာ ဝေဖန်ခံရ
YBS ယာဉ်လိုင်းစနစ်က မိတ်ကပ်တွေ ကွာကျသွားတဲ့အခါ မထသအတိုင်းပြန်ဖြစ်လာတယ်လို့ မတ်လ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းဝေးမှာ လွှတ်တော် အမတ်တွေက ဝေဖန်လိုက်ပါတယ်။ (more…)
ရေတာရှည်ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နယ်မြေ တာဝန်ခံ ဦးကျော်ထိန် ဦးဆောင်၍ စည်းရုံးရေးမှူး ဦးဝင်းညွန့်၊ ဦးကျော်အောင်တို့နှင့် ပူးပေါင်းကာ ဧပြီလ (၅) ရက်က ပီတူးကျေးရွာအုပ်စု နှင့် ဝါးရုံတောကျေးရွာအုပ်စုများသို့ သွားရောက်ပြီး ပြည်ခိုင်ဖြိုး ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
သင်္ကြန်ရုံးပိတ်ရက် နေရပ်ပြန်သူများ ကားလက်မှတ် ခက်ခဲ၊ ဈေးနှုန်းများ နှစ်ဆခန့် ဈေးတက်
သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် နေရပ်ပြန်လိုသူများအနေနှင့် ကားလက်မှတ်ရရန် ခက်ခဲလျက်ရှိပြီး အဝေးပြေးကားခအတွက် ကျသင့်ဈေးနှုန်းထက် နှစ်ဆခန့်အထိ ပေး၍ဝယ်ယူရကြောင်း နေရပ်ပြန် ခရီးသည်များထံမှ စုံစမ်းသိရသည်။ (more…)
ဗန်းမော်မြို့တွင် နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်
ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ (ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ က သာစည်ရပ်ကွက် ခရိုင်ပြည် ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး သဘာပတိပြည် နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဗဟိုကော်မတီဝင်ဦးဝင်းမောင်သိန်း က အမှာစကားပြောကြားကာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဇော် လေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးပါတီ လုပ်ငန်းသုံးသပ် ညှိနှိုင်းအစည်းအဝေး ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ပြည်ထာင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင် နှင့်မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ များ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကို ဧပြီလ (၅) ရက် နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမတွင်ကျင်းပသည်။
မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း အချိန်သုံးလ ထပ်တိုး
မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များ မှတ်ပုံတင်ရမည့် နောက်ဆုံးရက် မတ်လ ၃၁ ရက်နေ့ ကျော်လွန်သွားပြီ ဖြစ်သော်လည်း ယခုအခါ အချိန်သုံးလ ထပ်မံ၍ တိုးပေးလိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ (more…)
နိုင်ငံတကာရေးရာကော်မတီ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် သံအမတ်ကြီးနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နိုင်ငံတကာရေးရာ ကော်မတီ တာဝန်ခံ ဗဟိုအလုပ် အမှုဆောင် ဦးဝဏ္ဏမောင်လွင်အား မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် နိုင်ငံသံအမတ်ကြီးH.E. Mr. Wouter Jurgens သည် နေပြည် တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ (၅)၌ ယမန်နေ့ နံနက် ၁၁နာရီတွင် လာရောက်တွေ့ဆုံသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး( ၉/၂ဝ၁၇ )ဆွေးနွေးဆုံးဖြတ်ချက်များမှ ကောက်နုတ်ချက်များ
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး( ၉/၂ဝ၁၇ )ဆွေးနွေးဆုံးဖြတ်ချက်များမှ ကောက်နုတ်ချက်များ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ
ထိုင်းနိုင်ငံကနေ သယ်ဆောင်လာတဲ့ ၁ သောင်းတန် ငွေစက္ကူအတုတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ (more…)