NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ကြားရေး လာမည့် UPDJC အစည်းအဝေးတွင် ဆုံးဖြတ်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ၂၁ ရာစု ပင်လုံညီလာခံသို့ ဖိတ်ကြားရေးကိစ္စကို မေလ ၁၂ ရက် တွင် နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)


အမေရိကန်အခြေစိုက် Intelsat မှ လွှင့်တင်မည့် ဂြိုဟ်တုတွင် မြန်မာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမည်

အမေရိကန်အခြေစိုက် Intelsat ကုမ္ပဏီက အသစ်လွှင့်တင်မည့်ဂြိုဟ်တု၌ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်မည်ဟု သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ စုံစမ်းသိရသည်။ (more…)


ပါတီလစ်လပ်နေရာများ ဖြည့်ဆည်းရေး၊ ပါတီဝင်အင်အားစိစစ်ရေးနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး ဆွေးနွေးမှာကြား

 


(၁.၅.၂၀၁၇) ရက်​​နေ့ နံနက် (၀၉း၀၀) အချိန်​တွင်​ ပြင်ဦးလွင်မြို့နယ် အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်နှင့်​ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များသည်​ ပြင်​ဦးလွင်​ခရိုင်ပါတီဥက္ကဌနှင့်​ ​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ် ​ပါတီအတွင်းရေး မှူးနှင့်​ မြို့နယ်ကော်မတီဝင်များအားတွေ့ဆုံပြီး ပါတီလစ်လပ်နေရာများ ဖြည့်ဆည်း​ရေး၊ ပါတီဝင်အင်​အားစိစစ်ရေးနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်​ရေးတို့ကို ​ဆွေး​နွေးမှာကြားခဲ့ကြပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး

အင်းတော်ကြီးဒေသ ပါတီတိုင်းရင်းသားရေးရာဆွေးနွေး

 

ယနေ့ ဧပြီ (28) ရက်နေ့ ၁း၃၀ နာရီတွင် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ လုံးတုံကျေးရွာတွင် ရှမ်းတိုင်းရင်းသားများနှင့်တွေ့ဆုံရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်းမှ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများကို လည်းကောင်း၊ ခရိုင်အတွင်းရေးမှူး ဦးစိန်ဝင်းက ပါတီတိုင်းရင်းသားရေးရာအခြေခံမှု ကိစ္စရပ်များကို လည်ကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဌေးဝင်းက တိုင်းရင်းသားလူငယ်ကိစ္စရပ်များကိုလည်းကောင်း၊ ကော်မတီဝင် ဦးမောင်မောင် (တိုင်းရင်းသားရေးရာတာဝန်ခံ) က တိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးရေးနှင့်စည်းရုံးရေးရာ ကိစ္စရပ်များဆွေနွေးခြင်းပြုလုပ်ခဲ့သည်။

ရခိုင် ALD ပါတီထူထောင်ခွင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခွင့်ပြု

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ ပါတီထူထောင်ခွင့်လျှောက်ထားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အနေဖြင့် ပါတီထူထောင်ခွင့်ရရှိ ပြီဖြစ်ကြောင်း ALD ခေါင်းဆောင် ဦးမျိုးကျော်က ပြောသည်။ (more…)


အနိမ့်ဆုံး လုပ်ခလစာ ကျပ် (၅၆၀၀) တိုးမြင့် သတ်မှတ်မှုနှင့်အတူ ကုန်ဈေးနှုန်း ထိန်းချုပ်မှု အတွက်ပါ ကြိုတင် ပြင်ဆင်ထားသင့်

အနိမ့်ဆုံးလုပ်ခလစာကျပ် (၅၆၀၀) တိုးမြင့်သတ်မှတ်ပေးဖို့နဲ့ အတူကုန်ဈေးနှုန်း မတက်စေရေး အတွက်ပါ ကြိုတင်ပြင်ဆင်ထားမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက မေလ(၁)ရက် အလုပ်သမားနေ့မှာ ပြောကြားလိုက်ပါတယ်။ (more…)


လှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယခုလ ၂၇ ရက်မွန်းလွဲ ၁ နာရီခွဲတွင် ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံစည်းဝေး ခဲ့သည်။
အစည်းအဝေးတွင် လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဦးမင်းလွင်က ပါတီဝင်ဦးရေမှန်ကန်တိကျ သောစာရင်းရရှိရန်နှင့် ပါတီဝင်အင်အားတိုးရရှိအောင် စိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ပါတီဝင်နှစ်စဉ်ကြေးများကောက်ခံ ပေးကြရန်ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသူ ရပ်ကွက်ပါတီခေါင်းဆောင်များက မရှင်းလင်းသော အချက်များ၊ လုပ်ငန်းအခက်ခဲများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်။
ထိုအစည်းဝေးသို့ မြို့နယ်ကော်မတီများ၊ ရပ်ကွက်ပါတီ ခေါင်း ဆောင်များ စုပေါင်းအင်အား ၅ဝ တက်ရောက်ပြီး မွန်းလွဲ ၃ နာရီတွင် ပြီးဆုံးကြောင်း သိရသည်။

သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုးငယ်စာရင်းစစ်တမ်းကောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမြို့နယ်ဥက္ကဋ္ဌဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဦးကိုကိုနိုင်(နယ်မြေတာဝန်ခံ)တို့သည် ယမန်နေ့ မွန်းလွဲ ၃နာရီတွင်(သု/၂၉)ရပ်ကွက်သို့ ပါတီဝင် ငယ်စာရင်းစစ်တမ်းကောက်ခြင်း၊ မျိုးဆက်သစ်လူငယ်စုဆောင်း ရရှိရန်နှင့်နှစ်စဉ်ကြေးများကောက်ခံရရှိ ရေးအတွက် ရပ်ကွက်ပါတီကော်မတီဝင်များနှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Union daily


သာကေတပြည်ခိုင်ဖြိုးပါတီနှစ်စဉ်ကြေးကောက်ခံ ပါတီဝင်သစ်များစည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ကော်မတီဝင် ဦးသောင်းမြတ်၊ ဒေါ်နိုင်နိုင်ဝင်း၊ ဦးဝင်းခိုင်ရွှေ၊ ဦးထွန်းဦးတို့သည် ရပ်ကွက်အမှုဆောင်များနှင့်အတူ (၁ဝ)တောင်ရပ်ကွက်သို့ သွားရောက်၍ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်းနှင့် ပါတီဝင်အင်အားစိစစ်ခြင်း ပါတီဝင်အသစ် စည်းရုံးခြင်းလုပ်ငန်းများကို ဧပြီ ၂၉ရက် နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

TKA(သာကေတ)