ရွှေဒါးဆရာ​တော်​ကြီး၏ ဈာပန​နေ့တွင်​ ပြည်​ခိုင်​ဖြိုးပါတီမှ အာရုံဆွမ်းနှင့်​​နေ့ဆွမ်းဆက်​ကပ်​လှူဒါန်း

 

အောင်မြေသာစံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေဒါးဆရာတော် ဘုရားကြီး ဘဒ္ဒန္တကလျာဏ သက်တော်​(၁၀၀)၊ ဝါ​တော်​​(၈၀)၏ ဈာပန​နေ့တွင်
ပြည်​ခိုင်​ဖြိုးပါတီမှ ​​​ကျောင်းတိုက်​ရှိ သံဃာ​တော်အပါး (၂၀၀)​ ကျော်​အား အာရုဏ်​ဆွမ်းနှင့်​နေ့ဆွမ်းဆက်​ကပ်​လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါ သည်။

credit :Zaw Aung Htet


အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး ပြည် ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးဖွင့်လှစ်ခဲ့သော အခြေခံစက်ချုပ်သင်တန်း (၂/ ၂ဝ၁၇) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်ခရိုင် အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း တို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး မြို့နယ်ပါတီ နာယကကြီးနှင့် သင်တန်းမှူးတို့ ကလည်း အမှာစကားများအသီး သီးပြောကြားခဲ့ရာ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းပြည်ခိုင်ဖြိုး ပါတီဝင်အင်အားကွင်းဆင်းစိစစ်

 

သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်၊ မြို့နယ်ကော်မတီဝင် ဦးဝင်းမြင့် (နယ်မြေတာဝန်ခံ) တို့သည် ဧပြီ ၃ဝ ရက် မွန်းလွဲ ၂ နာရီတွင် ကြီးပွားရေးရပ်ကွက် ပါတီကော်မတီဝင်များလိုက်ပါကာပါတီဝင်များ၏အိမ်များသို့ ပါတီဝင်ငယ် စာရင်းနှင့်ပါတီနှစ်စဉ်ကြေးများ လူငယ်အင်အားရရှိရေးအတွက် ကွင်း ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Union daily


မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့ချီးမြှင့်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ သ၀ဏ်လွှာ

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသော ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့ချီးမြှင့်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ သ၀ဏ်လွှာ

 

(more…)


မြောက်ပိုင်းခရိုင်ပါတီကော်မတီဝင် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ပါတီကော်မတီဝင် တိုက်ကြီးမြို့နယ်တာဝန်ခံ ဦးခင် မောင်တင့်သည် ဧပြီ ၃ဝ ရက် နံနက် ၁ဝ နာရီခွဲတွင် တိုက်ကြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို မြို့နယ်ပါတီ ရုံး၌ လာရောက်တွေ့ဆုံခဲ့သည်။

(more…)


ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ခရိုင် မြို့နယ်ဥက္ကဋ္ဌများ စည်းရုံးရေးတာဝန်ခံများနှင့် လပတ်ညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီနှင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ စည်းရုံးရေးရာတာဝန်ခံ များလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁ဝ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအစည်းအဝေးခန်းမတွင်ကျင်းပ ရာ ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဗဟို ကော်မတီဝင်ဦးသာဝင်း၊ စည်းရုံး ရေးရာတာဝန်ခံဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ စည်းရုံးရေးရာတာဝန်ခံများတက် ရောက်ကြသည်။

(more…)


မီးဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်း

မေလ (၂) ရက် နေ့လည်(၂)နာရီ အချိန်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပြည်မြို့ ရွာဘဲ ရပ်ကွက် စံနန်းဦးနယ်မြေတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

(more…)


NLD အစိုးရ၏ သက်တမ်း တစ်နှစ်အတွင်း ကာလုံအစည်အဝေး ခေါ်ယူခြင်း မရှိဟုဆို

NLD အစိုးရ၏ သက်တမ်းတစ်နှစ်ကျော် ကာလအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်အဝေးကို တစ်ကြိမ်မှ ခေါ်ယူကျင်းပခြင်းမရှိဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြား လိုက်သည်။ (more…)


၂၁ ရာစု ဒု-ပင်လုံညီလာခံ အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီနှင့် ALP တို့တက်ရန် မသေချာ

မေလ ၂၄ ရက်၌ကျင်းပရန် စီစဉ်ထားသော ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးသို့ ရခိုင် အမျိုးသားပါတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက်ရန် မသေချာသေးကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။ (more…)


ဒီချုပ်အစိုးရလက်ထက် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် တိုးတက်မှုမရှိကြောင်း Pen Myanmar နှင့် အဖွဲ့အစည်း ၁၃ ခု က အစီရင်ခံစာ ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်းတစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ လွတ်လပ်စွာ ရေးသားထုတ် ဖော်ပြောဆိုခွင့် အခြေအနေ တိုးတက်မှုမရှိသေးကြောင်း Pen Myanmar နှင့်  မိတ်ဖက် အဖွဲ့အစည်း ၁၃ ခုက အစီရင်ခံစာထုတ်ပြန်သည်။ (more…)