အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ အင်းစိန်မြို့နယ် အမျိုးသမီးထုမှ ကြီးမှူး၍ မော်တာစက်ချုပ် ခြေနင်းသင်တန်းကို မေလ (၇) ရက်နေ့ နံနက် ၁ဝနာရီတွင် ကျင်းပသည်။
အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ အင်းစိန်မြို့နယ် အမျိုးသမီးထုမှ ကြီးမှူး၍ မော်တာစက်ချုပ် ခြေနင်းသင်တန်းကို မေလ (၇) ရက်နေ့ နံနက် ၁ဝနာရီတွင် ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်အမျိုးသား သွေးလှူဘဏ်တွင် မေလ (၆) ရက် နံနက် ၈ နာရီက (၃၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲကျင်းပရာ အခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီမှဗဟိုကော်မတီဝင် ဦးတင်ဝင်း၊ ဦးတင်လှိုင်နှင့် ဒေါ်သင်းသင်းမိုး၊ရန်ကုန်အနောက် ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်၊ ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ သွေးလှူဒါန်းကြမည့် ပါတီဝင် ၁၅ဝနှင့်အမျိုးသားသွေး လှူဌာနမှ တာဝန်ရှိသူများတက် ရောက်ကြသည်။
ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်အမှတ်(၆) ရပ်ကွက်နယ်မြေ တာဝန်ခံ ဦးဗိုလ်စော ဦးဆောင်ပြီး ရပ်ကွက်ပါတီခေါင်းဆောင်များဖြစ် ကြသောဒေါ်မြင့်မြင့်စန်း၊ ဦးကျော်ကျော်ဌေးနှင့် ပါတီကော်မတီ ဝင်များပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးပေးသွင်း နိုင်ရေးဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပါတီဝင်အင်အားသစ်စည်း ရုံးခြင်းတို့ကို ယခုလ ၅ ရက်တွင် တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြရာ နံနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် နှစ်ကြိမ်ခွဲ၍ဆောင်ရွက်ကြကြောင်း သိရသည်။
WT
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (၅.၅. ၂၀၁၇ ) ရက်နေ့ နံနက် (၉) နာရီအချိန်က လှိုင်သာယာမြို့နယ် ပြည်ခိုင် ဖြိုးပါတီ သင်တန်းခန်းမ၌ ကျင်းပရာ ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ခိုင်
ဖြိုးပါတီ ဥက္ကဋ္ဌ ဦးတင်ယုမှသင်တန်းဖွင့်အမှာစကားပြောကြားကာ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါသည်!
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခတ္တိယသည် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များလိုက်ပါ၍ မေလ (၄) ရက်နေ့က မိုင်းဆတ်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ခဲ့ရာ စခန်းရှိ မြို့နယ်မှူး ရဲမှူး အောင်နိုင်ရွှေ၊ စခန်းမှူး ဒုရဲမှူး သန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြသည်။
ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင် အင်အားစိစစ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံရရှိရေးတို့အတွက် မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးလင်းအောင်အောင် ဦးဆောင်၍ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် အမှတ် (၁၄) ရပ်ကွက် ပန်းခြံ (၃) ဝေသံဿရာလမ်း ရှိ ရပ်ကြေးပါတီကော်မတီဝင် ဦးခင်သိန်း၏နေအိမ် အမှတ် (၄) ရပ်ကွက် ရပ်ကြေးပါတီကော်မတီဝင် ကိုနိုင်ဦးတို့ နေအိမ်များသို့  ကွင်းဆင်းစိစစ် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
ဒေါပုံမြို့နယ် ဆေးစက်ရပ်ကွက်နှင့် ပုသိမ်မြေ ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များ ပြန်လည်စိစစ်ရေးနှင့် ပါတီဝင်နှစ်စဉ်ကြေး ကောက်ခံခြင်း၊ ပါတီဝင်အင်အားသစ်များ စည်းရုံးရေးလုပ်ငန်းများကို မြို့နယ်ပါတီ ဥက္ကဋ္ဌ နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် အာမာခံပါတီဝင်များမှ အဖွဲ့များခွဲ၍ နယ်မြေကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
Dawbon Lion
လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှယမန်နေ့နံနက် ၉ နာရီ က စတင်ကာ လှိုင်သာယာမြို့နယ်အမှတ်(၁၆)ရပ်ကွက်သို့ ကွင်း ဆင်း၍ ပါတီဝင်အင်အားစိစစ်ခြင်းနှင့် ပါတီဝင်နှစ်စဉ်ကြေးပေး သွင်းရေး၊ ပါတီဝင်သစ်များတိုးပွားရရှိရေးလုပ်ငန်းများကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ(ယာယီ)ဥက္ကဋ္ဌ ဦးဇေယျာအောင် ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်ဦးအောင်ကျော်မိုး၊ ဦးမြင့်သိန်း၊ ဦးမောင် မောင်မြင့်၊ အရန်ကော်မတီဝင် ဦးရဲဝင်းရှိန်နှင့် ဦးအောင်ဟန်ဦး တို့လိုက်ပါပြီးအမှတ်(၁၆)ရပ်ကွက် ပါတီကော်မတီဝင်များပူးပေါင်း ၍ ပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်ဝင်တစ်အိမ်ထွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ဥက္ကဋ္ဌဦးအောင်မြတ်ဇော် နှင့် ကော်မတီဝင်များဖြစ်ကြသော ဦးကိုကိုနိုင်(နယ်မြေတာဝန်ခံ)ဦးဝင်း မြင့်၊ ဦးထွန်းမြင့်လှိုင်တို့သည် ယခုလ ၂ ရက် မွန်းလွဲ ၃နာရီတွင် ရန်အောင်ရပ်ကွက်နှင့် ဘဏ်ရိပ် သာရပ်ကွက်များသို့ပါတီဝင်လူငယ် စာရင်းစိစစ်ခြင်း၊ နှစ်စဉ်ကြေး ကောက်ခံခြင်းနှင့်အင်အားတိုး လူ ငယ်ပါတီဝင်ထပ်မံရရှိရန် ဆောင် ရွက်ခဲ့သည်။ ထို့နောက် ယင်းရပ် ကွက်နှစ်ခုတွင် ဆေးကုသမှုခံယူ နေရသည့်ပါတီစိတ်ခေါင်းဆောင် နှစ်ဦးဖြစ်သောဦးစန်းဦး(ရန်အောင်) နှင့် ဦးလှဝင်း(ဘဏ်ရိပ်သာ)တို့ကို ကျန်းမာရေးထောက်ပံ့ငွေများ ပေး အပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ညနေ ၄နာရီက မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်သက်ထားလှိုင်၊ အတွင်းရေးမှုးဦးထွန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဦးမျိုးသန့်နှင့် မြို့ နယ်ကော်မတီဝင်များ၊ ရပ်/စည်း အမှုဆောင်များသည် အဖွဲ့များ ခွဲလျက် လမ်းမတော်(၉)ရပ်ကွက် အတွင်းပါတီဝင်သစ်များ စည်း ရုံးခြင်း၊ ပါတီဝင်အင်အားများ စနစ်တကျပြန်လည်စိစစ်ခြင်းနှင့် ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။