နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ရှေးဟောင်းစေတီတော်များ တည်ရှိရာ သိမ်ကျောင်းတွင် ကျင်ပ ပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲ၊ သံဃာတော် အပါး (၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဘုရားပလ္လင်နှင့် ဆင်းတုတော်များ ရေစက်သွန်းချ လှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ပြည်သူလူထုအင်အား ၃၀၀၀ ကျော် ပါဝင်ကုသိုလ်ယူကြသည်။


အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးအစည်းအဝေးခန်းမ၌ တိုင်း/ခရိုင်/ မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ

 

(9.5.2017) နေ့ နေ့လည် (1:30) အချိန်၌ အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး အစည်းအဝေးခန်းမ၌ တိုင်း- ခရိုင်- မြို့ နယ်ပါတီ ကော်မတီဝင်များ တွေ့ဆုံခဲ့ကြပါသည်။

တိုင်းပါတီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးနှင့်အဖွဲ့ ငါးမြို့နယ် လူငယ် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ပြီး သံဃာ့ဒါန ဆွမ်းလောင်းရုံး အခမ်းအနားသို့ တက်ရောက်အားပေး

 

မင်းဘူးခရိုင် မင်းဘူး – ပွင့်ဖြူ ၊ငဖဲ၊ စလင်း၊ စေတုတ္တရာ ငါးမြို့နယ် လူငယ် တွေ့ဆုံပွဲကျင်းပပြုလုပ်ပြီး အိမ်ရှင်မင်းဘူး – စကုမြို့နယ်တွင် သံဃာ တော် (၅၅၀) ပါးနှင့် သဃာ့ဒ့ါနဆွမ်းလောင်းရုံသို့ ဆွမ်းဆန်တစ်အိတ် ဆွမ်းလောင်းလှူခဲ့ကြသော အခမ်းအနားသို့ တိုင်းပါတီ ဥက္ကဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းလူငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး၊ တိုင်း တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်နိုင်နှင့် တိုင်းကော်မတီ ဝင်များ တတ်ရောက်အားပေးခဲကြောင်းသတင်းရရှိပါသည်။

ကဆုန်လပြည့်ညောင်ရေသွန်းလောင်ခြင်းနှင့် သက်ကြီးပူဇော်ပွဲပြုလုပ်

 

ပါတီဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ လမ်းညွန်ချက်ဖြင့် ယမန်နေ့ မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ တကွင်းအုပ်စု ညောင်ပင်သာကျေးရွာတွင် ညောင်ရေသွန်းလောင်းခြင်း နှင့် သက်ကြီးပူဇော်ပွဲပြုလုပ်ကျင်းပခဲ့သည်”

ညောင်ပင်သာ ဆရာတော်အား ပါတီဝင်များက ဝတ္ထုငွေများကပ်လှူခြင်း ပြုလုပ်ပြီး။ ဆက်လက်ပြီး ညောင်ရေသွန်းလောင်းခြင်းကို ကျေးရွာ
ရွာဦးထိပ်၌ ကျင်းပခဲ့သည်။

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင် ကောက်မြို့ ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယနေ့နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်အစည်းအဝေးပွဲကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ မြို့နယ်ကော်မတီဝင် များမှ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး တက် ရောက်လာကြသူစည်းမှူးများကလည်း ညှိနှိုင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


လမ်းမတော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်စိစစ်ရေးနှင့် ပါတီဝင်သစ်စည်းရုံးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များသည် ပါတီဝင်စိစစ်ခြင်း၊ ပါတီ နှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်သစ်များစည်းရုံးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေ၅နာရီခွဲက မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်သက်ထားလှိုင်၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ရပ်/စည်းအမှုဆောင်များသည် အမှတ်(၆)ရပ်ကွက်သို့သွားရောက်၍ ပါတီဝင်စိစစ်ခြင်း၊ ပါတီနှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီဝင်အသစ်များစည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(လမ်းမတော်)


ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အစည်းအဝေးခန်းမတွင် မေလ (၉) ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါတီဗဟိုကော်မတီ အစည်း အဝေးမှ ချမှတ်လိုက်သည့် အစည်းအဝေးဆုံးဖြတ်ချက်များ၊ လုပ်ငန်း လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မြို့နယ်ပါတီကော်မတီ များနှင့် (၁၉)ရပ်ကွက်စည်းရုံးရေး မှူးများ တွေ့ဆုံညှိနှိုင်းမှုပြုလုပ် သည့်အစည်းအဝေးကို မြောက် ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင်ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကအဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အတွင်းရေး မှူးဦးဝင်းကြိုင်က လက်ရှိပါတီဝင် စိစစ်ပြီးစီးမှု အခြေအနေနှင့်ဘဏ္ဍာ ရေးမှူးဦးသန်းထိုက်က ငွေကြေး သုံးစွဲမှု၊ စည်းရုံးတာဝန်ခံ ဦးအေး မင်းဇော်က ပါတီဝင်စိစစ်ရင်းပါတီ ဝင်အသစ်ရရှိအောင်စည်းရုံးနိုင် ရေးဆွေးနွေးပြီး ရပ်ကွက်အလိုက် ပြန်လည်ဆွေး နွေးမှုပြုလုပ်ကာ အစည်းအဝေးကို ညနေ ၄ နာရီခွဲ တွင် ပြီးမြောက်ခဲ့ကြောင်း သိရ သည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆင်ခြံကျေးရွာအုပ်စုကျေးရွာခွဲများတွင် ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် မြို့နယ်ပါတီကော်မတီဝင် တော်လ တီဒေသတာဝန်ခံဦးမြင့်ရွှေ၊မြို့နယ် လူငယ်ရေးရာပါတီကော်မတီဝင် ကိုသန်းနိုင်တို့ ဦးဆောင်ပြီး ယမန်နေ့နံနက် ၉ နာရီမှစတင်၍ တော်လတီဒေသ ဆင်ခြံကျေးရွာ အုပ်စုမွတ်သားကျေးရွာနှင့် အုတ်ဖို စုကျေးရွာများသို့ သွားရောက်ကာ ပါတီဝင်အင်အားစိစစ်ခြင်း၊ ပါတီ ဝင်နှစ်စဉ်ကြေးပေးသွင်းနိုင်ရေး ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ပါတီ ဝင်အင်အားသစ်များ စည်းရုံးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ တွင် တော်လတီဒေသတာဝန်ခံများ နှင့်အတူ ဆင်ခြံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီနာယကဦးသောင်း ဟန်၊ ပါတီစည်းရုံးရေးမှူး ဦးလှရွှေ၊ ဒုစည်းမှူး ဦးအောင်ကျော်ဝင်း၊ ရပ်/ကျေး ပါတီကော်မတီဝင် ဦးကျော်ဆန်းဦး၊ဦးအောင်မျိုးမင်း၊ တော်လတီစံပြကျေးရွာ ပါတီ စည်းရုံးရေးမှူး ဦးခင်မောင်စိုးနှင့် အမျိုးသမီးလူငယ်အဖွဲ့၊ သတင်း မီဒီယာတာဝန်ခံ ဦးတင်မောင်ဇော် တို့က အတူပူးပေါင်းလိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။

တွံတေးပြည်ခိုင်ဖြိုးပါတီ နွေရာသီမြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးတွံတေး မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နွေရာသီ မြန်မာ့ရိုးရာသိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီ တွင်မြို့နယ်ပါတီရုံး၌ပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ သိန်းဇော်မြင့်၊ မြို့နယ်ပါတီကော် မတီဝင်ဦးမင်းနိုင်၊ ဦးမြသောင်း၊ ဦးကျော်မျိုးနိုင်၊ ဦးမျိုးမင်းအောင်၊ ဒေါ်ယုဇနဝင်း၊ မြို့နယ်ကော်မတီ ဝင်များနှင့် ရပ်/စည်းများတက် ရောက်ကြသည်။
ထို့နောက် သင်တန်းဆင်းပွဲ တွင်မြို့နယ် ပါတီဥက္ကဋ္ဌက အမှာ စကားပြောကြားပြီးသင်တန်းဆရာ များ၊ ထူးချွန်သင်တန်းသားတို့ကို ဂုဏ်ပြုဆုများပေးအပ်ကာသင်တန်း သားများအား သင်တန်းဆင်းလက် မှတ်များပေးအပ်သည်။ သင်တန်း သားတစ်ဦးကကျေးဇူးတင်စကား ပြောကြားပြီး သရုပ်ပြကပြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။