ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်တစ်ဦးစီ တက်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။ (more…)
၂၁ ရာစု ပင်လုံညီလာခံ စာချုပ်ချုပ်ဆိုလျှင် ပါဝင် လက်မှတ် မထိုးနိုင်သေးကြောင်း RCSS ထုတ်ပြန်
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်၍ ၂၁ ရာစု ပင်လုံညီလာခံတွင် မည်သည့် အဆိုပြုချက်မျှ တင်ပြနိုင်မည်မဟုတ်သည့်အပြင် ညီလာခံမှရရှိလာမည့် သဘောတူ ညီချက်များကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ချုပ်ဆိုရာ၌ ပါဝင်လက်မှတ်ရေးထိုးနိုင်မည် မဟုတ်ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS)က ညီလာခံကျင်းပရန် ရက်ပိုင်းအလို၌ ထုတ်ပြန်သည်။ (more…)
ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းအခမ်းအနား
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးရဲမြင့်နှင့် ဇနီး ဒေါ်မြတ်ငွေမိသားစုမှ စွယ်တော်မြတ်စေတီတော်( (မန္တလေး)
လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း အောင်ပွဲအထိမ်းအမှတ်အဖြစ်
မန္တလေးမြို့ပေါ်ရှိ ထေကြီးဝါကြီးဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းအခမ်းအနားကို
(၁၉.၅.၂၀၁၇) ရက်နေ့ နံနက်( ၀၆း၀၀) အချိန်တွင် စွယ်တော်မြတ်စေတီတော်(မန္တလေး) ဂန္ဓကုဋီအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါ သည်။
Zaw Aung Htet
ချို့တဲ့ကျေးရွာများအတွက် ကျောင်းဝတ်စုံနှင့်စာရေးကိရိယာများ လှူဒါန်းခြင်း
ပါတီကော်မတီဝင်များတွေ့ဆုံဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ခင် စောမူ၊ ဒေါက်တာထိန်ဝင်း တို့နှင့် ပုသိမ်ခရိုင် ပုသိမ် မြို့နယ်ပါတီကော်မတီဝင် များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၉ ရက် မွန်းလွဲပိုင်း က ပုသိမ်မြို့နယ် ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့စဉ်။
ပုသိမ်ကိုကိုလတ်
PNLO ညီလာခံ ယခုနှစ် အောက်တိုဘာတွင် ကျင်းပရန်ဆုံးဖြတ်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ အောက်တိုဘာ အတွင်း ကျင်းပရန် ဆုံးဖြတ်ကြောင်း PNLO က မေလ ၂၀ ရက်၌ ထုတ် ပြန်သည်။ (more…)
မန္တလေးတိုင်းဒေသကြီးနှင့်ခရိုင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ရှိသူများနှင့် ပါတီဗဟိုအတွင်းရေးမှူးတွေ့ဆုံ
နိုင်ငံရေးပါတီတစ်ခုကို အမည်ပြောင်းလဲခွင့်ပြုပြီး ပါတီသစ်တစ်ခုကို မှတ်ပုံတင်ခွင့်ပြု
“ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ” ကို “ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ” အမည် ပြောင်းလဲခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ (more…)
ပါတီ ဆိုင်းဘုတ်သစ်တင်ပွဲကျင်းပ
ဟင်္သာတမြို့နယ် အဝိုင်းကျောင်းစုအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးဆိုင်းဘုတ်ကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးခင်ဦးနှင့်မြို့နယ်ကော်မတီဝင် များ၊ ရပ်/ကျေးအမှုဆောင်များနှင့် အမာခံအင်အား ၃ဝ ဖြင့် ပါတီ ဆိုင်းဘုတ်ကို အမွှေးနံ့သာများပက်ဖျန်း၍ အသစ်ပြန်လည်စိုက်ထူခဲ့ ကြောင်းသိရသည်။
ဌေးဝင်း(ဟင်္သာတ)
NCA မထိုးရသေးသော အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ် အတွင်း ပါဝင်လာရေး ကြိုးပမ်းရန် ကေအင်န်ယူ ဗဟို ကော်မတီဆုံးဖြတ်
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်လာရေးကြိုးပမ်းရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ (more…)



