ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မွန်ပြည် နယ် ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းသည် ၂၀၁၇ခုနှစ် မေလ ၁၁ ရက် နံနက် ၉း၃၀ နာရီအချိန်တွင် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ လမ်းညွှန်အမှာစကားပြောကြားပြီး မြို့နယ် ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်းရုံးရေးမှူးများမှ မှ မိမိတို့၏ မြို့နယ်၊ ရပ်ကွက်ရေးရွာများ၏ ပကတိ အခြေအနေများ၊ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ပူးပေါင်းပါဝင်မှုများအား ဆွေးနွေးတင်ပြကြပြီး ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွပ်ရှင်းလင်းဆွေးနွေးခဲ့သည်။