အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ပြုလုပ်နေသော ကုလသမဂ္ဂအထွေထွေညီလာခံသို့ ဒုတိယ သမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။


(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ မူလက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု 7Day Daily သတင်းစာက စုံစမ်းသိရှိထား သော်လည်း လက်ရှိတွင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။ ‘‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တက်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။

