ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံရမှုဖြစ်စဉ်တွင် ဥပဒေနှင့်အညီနေထိုင်သည့် မွတ်စလင် ကျေးရွာများစွာ ကျန်ရှိနေပြီး ၎င်းတို့ကို ကောင်းမွန်စွာ စောင့် ရှောက်ထားကြောင်း ကာကွယ် ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောသည်။
မွန်တိုင်းရင်းသားဆိုင်ရာ မူဝါဒများ ရေးဆွဲရာတွင် အချက်အလက်နှင့် နည်းပညာ ကူညီရန် အထောက်အကူပြု ရုံးခန်းဖွင့်မည်
မွန်လူမျိုး၊ မွန်ပြည်နယ်အရေးနှင့်သက်ဆိုင်သည့် မူဝါဒမူကြမ်းများရေးဆွဲရာတွင် လိုအပ်သောအချက်အလက်နှင့် နည်းပညာများကူညီနိုင်ရန် ရည်ရွယ်၍ အထောက်အကူပြုရုံးခန်းဖွင့်လှစ် တည်ထောင်မည်ဖြစ်ကြောင်း မွန် အမျိုးသားပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးမင်းဇေယျာဦးက ပြောသည်။
ဗြိတိသျှသံရုံးမှ နိုင်ငံရေးအရာရှိ ရှမ်း/မြောက် ပြည်ခိုင်ဖြိုးပါတီနှင့် လာရောက်တွေ့ဆုံ
ဗြိတိသျှသံရုံးအရာရှိ Miss Lol Ram Muani သည် ရှမ်း/မြောက်ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်နယ်ရုံး ဧည့်ခန်း၌ (၂၀-၉-၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၀၀)နာရီထိ လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းပါသည်။
ထိုသို့ တွေ့ဆုံမေးမြန်းရာ၌ –
– ၂၀၁၅ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အများဆုံး အောင်နိုင်ခဲ့မှုအတွက် မည်ကဲ့သို့ ဆောင်ရွက်ခဲ့သနည်း။
မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးပါတီခေါင်းဆောင်များ ဆွေးနွေးပွဲပြုလုပ်
မြိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဥက္ကဌ ဦးအောင်နိုင်၊အတွင်းရေးမှူး ဦးထိန်လင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ၂၀၁၇ခုနှစ်စက်တင်ဘာလ (၁၉ )ရက်နေတွင် ပါတီစည်းရုံးရေးနယ်မြေ (၃) စုရပ်ဇုံ (၅)တောင်တိုင်ကျေးရပ်ကျေးစည်းမှူး ဦးဖိုးထွန်းနေအိမ်တွင် ရပ်ကျေးပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ၍ (၂၀၂၀ )အောင်နိုင်ရေးဆွေးနွေးအဖြေရှာခြင်း ၊ ကော်မတီများကျစ်လစ် ခိုင်မာစေရေးဆွေးနွေးခြင်းအားနေ့လည် ၂နာရီမှ ၄နာရီအထိဆွေးနွေးခဲ့ကြကြောင်း သိရသည်။
USDP, Magway Region’
မိုးကောင်းပြည်ခိုင်ဖြိုးပါတီ နောင်ကိုင်တော်ရပ်ကွက် ဆုတောင်းပြည့် စေတီတော် လုပ်အားပေးပြုလုပ်
ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီတော် ဆုတောင်းပြည့်ဘုရားဝန်းတွင် အမှိုက်များ၊ မြက်များကို စက်တင်ဘာ၁၉ နံနက် ၇း၃၀ နာရီအချိန်တွင် မိုးကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုး ၊ ဒေါ်အေး၊ နောင်ကိုင်တော်ရပ်ကွက် စည်းရုံးရေးမှူး ဦးသာအောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီရေးရာအဖွဲ့များ၊ ဒေါ်ခင်ပို၊ ဒေါ်လတ်တို့ ဦးစီးပြီး နောင်ကိုင်တော်ရပ်ကွက် ရွာနံစေတီ ဆုတောင်းပြည့်ဘုရား ပန်းအိုးထိုးခြင်း၊ အမှိုက်များကောက်ခြင်း၊ ချုံနွယ်များကို ရှင်းလင်းခြင်း ၊ မြက်များကို စက်များဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ အလှူ လုပ်အားဒါနပြုလုပ်
ပြည်ဦးလွင်ပြည်ခိုင်ဖြိုးပါတီမှ မြဉ္ဇူလေးဆူရှင်းမြတ်စွာဘုရား ဗြဟ္မဝိဟာရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး သက်တော်၈၈နှင့် သိက္ခာတော်(၆၆)ဝါ၏ အန္တိမဈာပနသို့ ပြင်ဦးလွင်မြို့ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေကျပ်(၁)သိန်းလှူဒါန်းပြီး ဆီထမင်းနှင့်အကြော်အလှူဒါနပြု သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်ပြီးကုသိုလ်ယူခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး
စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံက်(၁၀း၀၀) နာရီတွင် စလင်းမြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားသို့ တိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းလူငယ်ရေရာတာဝန်ခံ၊ တိုင်းကော်မတီဝင် ဦးကျော်သူဦးဦးအောင်နိုင်၊ မင်းဘူးခရိုင်ကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်း မြို့နယ်များမှ လူငယ်တာဝန်ခံများ၊ပွင့်ဖြူ စလင်းမြို့နယ်တို့မှ ပါတီဥက္ကဌများနှင့်ကော်မတီဝင်များ၊ လူငယ်အဖွဲ့ဝင်များ တက်ရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Min Zaw
လမ်းမတော်ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကြာရွတ်ဖတ်ပူဇော်
လမ်းမတော်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ညနေ(၆း၀၀)နာရီအချိန်တွင်လမ်းမတော်မြို့နယ် အမှတ်(၁၁)ရပ်ကွက်(လမ်းသစ်ရိပ်သာအိမ်ရာ)အတွင်းရှိ ဓမ္မာရုံ၌ လမ်းမတော်မြို့နယ်အမျိုးသမီးဝတ်အဖွဲ့နှင့်အတူ ပြည်ခိုင်ဖြိုးပါတီများအား အလှူ ရှင်ဦးမင်းမင်းထွန်းမြတ်တို့မှ အဟာရဒါနအဖြစ်ရေသန့် နှင့်မုန့်မျိုးစုံ လှူ ဒါန်းခြင်းပြီး ဓမ္မစကြာပါဌ်နိသယနှင့် အနတ္တလက္ခဏသုတ်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
မျိုးသန့်(လမ်းမတော်)
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း
ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နေလည် ၃း၀၀နာရီအချိန်က မိခင်နှင့်ကလေးအဖွဲ့ဝင် သစ်များအားဝတ်စုံပေးအပ်ခြင်းနှင့် ပုဇွန်တောင် မြို့နယ် မိခင်နှင့်ကလေး ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နှင့် အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ပါသည်။
အေးအေးဝင်း (ပုဇွန်တောင်)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်း ချက်ချင်း ဆောင်ရွက်ရန် ကျပ်ဘီလီယံ၂၀လက်ငင်း ဖြည့်ဆည်းမည်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများချက်ချင်းဆောင်ရွက်နိုင် ရန် ပထမအဆင့် အနေဖြင့် ကျပ် ၂၀ ဘီလီယံကို အစိုးရက လက်ငင်း ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၈ ရက်တွင် သတင်း ထုတ်ပြန် သည်။ လက်ရှိအချိန်တွင် ပြည်သူအချို့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။



