ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က လူမျိုးတုံး သတ်ဖြတ်မှုဟု သုံးနှုန်းမှုအပေါ် မြန်မာအစိုးရက ပြင်းထန်စွာကန့် ကွက်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက စက်တင်ဘာ ၁၃ ရက် တွင် သတင်းထုတ်ပြန်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က လူမျိုးတုံး သတ်ဖြတ်မှုဟု သုံးနှုန်းမှုအပေါ် မြန်မာအစိုးရက ပြင်းထန်စွာကန့် ကွက်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနက စက်တင်ဘာ ၁၃ ရက် တွင် သတင်းထုတ်ပြန်သည်။
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုးအဆင့်မြှင့် ရန်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားပြီး နယ်စပ်ရေးရာဝန်ကြီးအပါအဝင် တာဝန်ရှိသူများသွားရောက် စစ်ဆေးနေ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
မောင်တောဒေသ ပြန်လည်တည်ဆောက်ရေး လိုအပ်သည့် အကူအညီများပေးရန် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ်ကြီးနှင့်အဖွဲ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ လာရောက်ဆွေးနွေးသည်။
မြန်မာနိုင်ငံဆိုင်ရာ နော်ဝေး သံအမတ်ကြီး Ms. Tone Tinnes ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၃ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဧည့်ခန်းမနှင့် ပြည်နယ်လွှတ် တော်ရုံးဥက္ကဋ္ဌ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရခိုင်ပြည်နယ်အရေး ကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်မည်ဖြစ်ပြီး တရုတ်နိုင်ငံ မီဒီယာ များအား ရခိုင်ကိစ္စ သတင်းမှန် ထုတ်ပြန်နိုင်ရေး တိုက်တွန်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားသည်။
၂၀၁၇ စက်တင်ဘာ ၁၃ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်း မြတ်အေးအား သံအမတ်ကြီးက လာရောက်တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် အစည်း အဝေးကို ၁၃. ၉.၂၀၁၇ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။
ရန်ကင်းပါတီဥက္ကဋ္ဌ ဦးဘချစ်က လူငယ်လူပ်ရှားမူအရ သီတင်းကျွတ်လပြည့်နေ့ ကလေးဆေးရုံ၌ အာဟာရဒါနအဖြင့် ဆန်ပြုတ်နှင့်အီကြာကွေး တိုက်ကျွေးမည်ဖြစ်ကြောင်း ဒုတိယအချက် ဖြင့် ရခိုင်ဒေသရှိ ရေ ဘေးနှင့် အကြမ်းဖက်ခံရသည့် တိုင်းရင်းသားတို့အား စေတနာသဒ္ဓ္ဓါတရား ထိုက်တန်စွာဖြင့် မိမိတတ်နိုင်သမျှ လှူဒါန်းကြရန် ပြောကြားသွားသည်။
ကျောက်ဆည်ခရိုင် ပရဟိတ ပေါင်းစုံပေါင်းစုံကွန်ယက် ကုလကျေးရွာ ပရဟိတ “အနှိုင်းမဲ့” လူမှုကူညီရေးအသင်းသို့ အသင်း၏ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ပရဟိတလုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် အထောက်အကူပြု မြတ်သောအလှူကို ကျောက်ဆည်မြို့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူတော်ငွေ ( ၅၀၀၀၀ ) ငါးသောင်း ကျပ်အား မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ ပရဟိတ “အနှိုင်းမဲ့” ဥက္ကဌ ဦးတင်အောင်ထံသို့ ယနေ့ (14.9.2017) ရက်နေ့တွင် နတ်လူသာဓု ခေါ်ဆိုနိုင်စေရန်အလို့ငှာ ပေးအပ်လှူဒါန်းမှု ပြုလုပ်ခဲ့ပါ သည်။
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမြတ်ဟိန်းမှ ယနေ့ (၁၄-၉-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီကော်မတီဝင်များနှင့် ပဲခူးခရိုင်(၈)မြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး ဗဟိုအလုပ်အမှုဆောင် တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမော်ထွန်းနှင့် သက်ဆိုင်ရာ တိုင်းခရိုင် မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် နေ့၁း၀၀ နာရီအချိန်၌ ပါတီရုံးတွင် ဟိုပင်ဒေသ လူငယ်များ ပါတီသို့အဆိုပြုလွှာပေးအပ်ခြင်းအခမ်းအနားပြုလုပ်ရာ ဟိုပင် ပါတီနာယက ဦးညီလေးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်းကလည်း အမှာစကားပြောကြား၍ အဆိုပါအခမ်းအနားသို့ ခရိုင် ကော်မတီဝင် ဦးဖိုးထောင်၊ ဦးဖုန်းမြင့်၊ ဦးခင်မောင်နှင့် မြို့နယ်အတွင်းရေး မှူး ဦးဌေးဝင်း၊ ဘဏ္ဌာရေးမှူး ဦးလှမိုင်၊ ဒေသတာဝန်ခံ ဦးမြဝင်း၊ ဦးမြင့်သန်း၊ ဦးခိုင်ဇော်ထွန်း၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နှင်းနှင်းထွေး၊ ဒေါ်သန္တာဝင်း မောင်၊ ဒေါ်နန်းအိဖြူ၊ လူငယ်တွဲဖက်တာဝန်ခံ ဦးအောင်ကိုဝင်း၊ ဒေါ်ဆိုင်း ဆန့် နှင့် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ၊ လူငယ်များ၊ ပါတီဝင်များ စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြသည်။
တောင်တွင်းကြီး ပဋိပက္ခဖြစ်စဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က လူအချို့ကို ငွေပေးစေခိုင်းသည်ဟု လူမှုကွန်ရက်ပေါ်တင်သူ တစ်ဦးကို အမှုဖွင့်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး ဖွင့်လှစ်သော လက်တွေ့လုပ်ငန်းခွင်မော် တာစက်ချူပ်သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ တွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။