ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ် ပြည်ခိုင်ဖြိုးပါတီမှ နုတ်ထွက်

ပြည်ခိုင်ဖြိုးပါတီအမာခံတစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်သည် ပါတီမှ နုတ်ထွက်ပြီ ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အတည်ပြုသည်။ ‘‘သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်မို့ ထင်ပါတယ်။ ကျွန်တော်တို့ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ သူ့ကိုထွက်ဖို့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုပေးလိုက်တာ။ ထွက်ခွင့်ပြု လိုက်တာ’’ ဟု ၎င်းကပြောသည်။

မန္တ​လေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီမှ ပြည်​တွင်းထွက်​ ​ကောက်​ပဲသီးနှံများအား ​အ​ခြေခံ၍ တန်​ဖိုးမြင့်​ စား​သောက်​ကုန်​နှင့်​လူသုံးကုန်​ ထုတ်​လုပ်​မှုနည်း ပညာ သင်​တန်းဖွင့်​လှစ်

 

မန္တ​လေးခရိုင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူးကာ ပါတီဝင်​အမျိုးသမီး​များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်​​စေရန်​ရည်​ရွယ်​ပြီး ပြည်​တွင်းထွက်​ ​ကောက်​ပဲသီးနှံများဖြစ်​သည့်​ ဆန်​၊ ပဲ၊​ ပြောင်း၊ ဂျုံများအား အခြေခံ၍ တန်​ဖိုးမြင့်​စား​သောက်​ကုန်​နှင့်​လူသုံးကုန်​ထုတ်​လုပ်​မှုနည်းပညာ (ဆင့်​ပွား) သင်​တန်းဖွင့်​ပွဲအား (၁၁.၉.၂၀၁၇) ရက်​​နေ့ (၁၂း၀၀) အချိန်​တွင်​ ကျင်းပပြုလုပ်​ရာ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဒေါ်လှလှ​အေး (အမျိုးသမီးကဏ္ဍတာဝန်​ခံ​)၊ မန္တလေးခရိုင်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌ ဦးဘို သင်း ၊ ခရိုင်​အတွင်း​ရေးမှူး ဒေါ်ဝါဝါလှိုင်​( အမျိုးသမီးကဏ္ဍတာဝန်​ခံ​)၊ခရိုင် ​ပါတီ​ကော်​မတီဝင်​များ၊ မြို့နယ်​ပါတီဥက္ကဌများနှင့်​ ကော်​မတီဝင်​များ၊ သင်တန်းသူပါတီဝင်​အမျိုးသမီးများ တက်​​ရောက်​ခဲ့​ကြပါသည်​။

သပိတ်ကျင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကမ်းပါးပြို၍ ပျက်ဆီးသွားသော ကျေးရွာချင်းဆက်လမ်းအား ယာယီပြုပြင်ရန်အတွက် ၀ါးထရံများလှူးဒါန်း

 

(၁၀.၉.၂၀၁၇) ရက်​​နေ့ နံနက်​(၀၂း၀၀)နာရီအချိန်​တွင်​​ တောင်​ကျ​ချောင်း​ရေ​ကြောင့်​ ​နေအိမ်​များပျက်​ဆီးသွား​သော သပိတ်​ကျင်းမြို့နယ်​ ​ရေထွက်​​ကျေးရွာသို့ (၁၀.၉.၂၀၁၇)ရက်​​နေ့ ည​နေ (၀၆း၃၀)နာရီအချိန်တွင်​ သပိတ်​ကျင်းမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဌနှင့်​အဖွဲ့တို့ရောက်​ရှိပြီး ပျက်​ဆီးရှုံးမှု များအား ကြည့်​ရှုကာ ကမ်းပါးပြို၍ ပျက်​ဆီးသွား​သော​ ကျေးရွာချင်းဆက်​လမ်းအား ယာယီပြုပြင်​ရန်​အတွက်​ ဝါးထရံ (၁၀) ချပ်​အား ကနဦးလှူဒါန်း ခဲ့​ကြောင်းသိရှိရပါသည်​။

အခမဲ့ကွန်​ပြူတာအ​ခြေခံသင်​တန်း(၁/၂၀၁၇) သင်တန်း ဖွင့်​လှစ်

 

ဓနုကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ ပင်းတယမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ ရေးနှင့်​ဖွင့်​ဖြိုး​ရေးပါတီမှ ကြီးမှူး၍ ယ​မန်နေ့နံနက်​(10)တွင်​ မြို့နယ်​ရုံး ခန်းမ၌ ကျင်းပရာ ရှမ်း​တောင်​ ပါတီပြည်​နယ်​ အရံ​ကော်​မတီဝင်​ ​တောင်​ကြီးခရိုင်​ ပါတီ​ကော်​မတီဝင်​ နယ်​​မြေတာဝန်​ခံနှင့်​ မြို့နယ်​အလုပ်​ အမှူ​ဆောင်​​ ကော်​မတီဝင်​များ၊ သင်​တန်းနည်းပြများမှ တက်​​ရောက်​အမှာစကား​ပြောကြားပြီး သင်​တန်းသို့ တက္ကသိုလ်​ဝင်​တန်း​အောင်​များ၊ ဘွဲရလူငယ်​များ စုစု​ပေါင်း ၆၁ ဦး တက်​​ရောက်​​ကြောင်းသိရှိရပါသည်​။

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ နေရပ်စွန့်ခွာပြည်သူများအတွက် အလှူငွေများ လှူဒါန်း

 

၂၀၁၇ခုနှစ် စက်တင်ဘာ(၉)ရက်နေ့ နံနက်(၀၉း၀၀)ချိန်တွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရခိုင်ပြည်နယ်တွင် သက်စွန့် ဆံဖျား တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံဝန်ထမ်းများနှင့် (ARSA) အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများဧ။် ဘေးရန်မှ နေရပ်စွန့်ခွါတိုင်းရင်းသားများအတွက် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပြည်နယ်ပါတီအတွင်းမှူး ဦးဝင်းမော်ဦးနှင့်အတူ ပြည်နယ်ကော်မတီဝင် ဦးလွင်မိုး၊ ဦးစောအောင် ကျော်သိန်းနှင့် မော်လမြိုင်ခရိုင်ပါတီ ဥက္ကဌဦးစိုးထွန်းတို့မှ    အလှူငွေကျပ် (၁၀) သိန်းအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ ပေးအပ် လှူဒါန်းခဲ့သည် ။

မအူပင်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းလောင်းလှူ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ဝါတွင်းသံဃာ့ဒါန အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် ၂နာရီမှစတင်၍ မအူပင်       မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါ ဝါတွင်းသံဃာ့ဒါနအရုဏ်ဆွမ်းလောင်းလှူပွဲသို့ မအူပင်မြို့နယ်အတွင်း ဝါတွင်းသီတင်းသုံးတော်မူကြသော ဘုန်းတော်ကြီးကျောင်း ၈၁ကျောင်းမှ သံဃာတော် အပါး ၉၇၃ပါး ကြွရောက်၍ အလှူခံတော်မူခဲ့ရာ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစော သောင်းဒန် နှင့် ပါတီကော်မတီဝင်များ၊ပါတီစည်းရုံးရေးမှူးများ၊ ပါတီ ဝင်များက လောင်းလှူခဲ့ကြောင်း သိရ သည်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး (၃၉)ကြိမ်မြောက်သွေးလှူဒါန်းပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ အရေးပေါ်သွေး လိုအပ်လျက်ရှိသော လူနာများသွေးအခက်အခဲမရှိစေရေးအတွက် ရန်ကုန် အမျိုးသားသွေးလှူ       ဘဏ်တွင် ဒါန ဥပပါရမီမြောက် စဉ်ဆက်မပြတ် သွေးလှူဒါန်းခဲ့ကြရာ ယနေ့ နံနက် ၉နာရီက (၃၉)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသ ကြီးအနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ လာရောက် သွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ အတွင်း ယနေ့နံနက် ၉ နာရီခွဲက လစဉ်ပုံမှန်အစည်းအဝေးပွဲကိုကျင်းပခဲ့သည်။

ယင်းတွင် မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်စိုးက အဖွင့်စကားနှင့် ယနေ့ဖြစ်ပေါ်နေသည့် တိုင်းပြည် ၏ ပကတိအခြေအနေနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ဆက်လက်၍တက်ရောက်လာသူတို့၏ ဆွေးနွေးအကြံပြုမှုများကို ဥက္ကဋ္ဌက ညှိနှိုင်းဆွေးနွေး ကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။ ယင်းသို့မြို့နယ်အလုပ်အမှုဆောင်များ၊ စည်းမှူးများ၊ ရုံး အဖွဲ့မှူးများလည်းတက်ရောက်ကြကာ တက်ရောက်လာသူတို့အား ပါတီအဖွဲ့မှ လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှစ်စဉ်ကြေးပေးအပ်

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယခု လ ၈ရက် နံနက်၁ဝနာရီက ခရိုင်၊မြို့နယ်၊ ရပ်/ကျေးလစဉ်ပုံမှန်တွေ့ဆုံညှိနှိုင်းအစည်းအဝေး   ကျင်းပရာ ရပ်/ကျေးပါတီကော်မတီဝင်စည်းရုံးရေးမှူးများက မိမိတို့ကျေးရွာအလိုက် နှစ်စဉ် ပါတီဝင်ကြေးရရှိငွေများကို ဒက္ခိဏသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်ထံပါတီဝင် ၈၇၄ ဦး       အတွက် ကောက်ခံ ရရှိငွေပေါင်း ၈၇၄ဝဝဝ ပေးအပ်ခဲ့ကြောင်း သိရသည်။
USA

ဖာပွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးပွဲကျင်းပ

 

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ပါတီဝင် မိသားစုများ၏ သားသမီးများ ဂုဏ်ပြုချီးမြှင့်ပွဲကို ကမမောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးနိုင်သန်းနိုင်နှင့် ဒေါ်နန်းနီနီအေးတို့က အမှာစကားပြောကြားပြီး လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ နှင့်      မြို့နယ်ပါတီဥက္ကဋ္ဌ တို့က ထူးချွန်ဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြသည်။