

နေပြည်တော် နိုဝင်ဘာ ၂၂


နေပြည်တော် နိုဝင်ဘာ ၂၂


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် ဗဟိုပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။ လူငယ်တွေ့ဆုံပွဲ အခမ်းအနားအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား သံပြိုင် သီဆိုဖွင့်လှစ်ခဲ့သည်။နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ အစီအစဉ်အရ တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့နယ်အရံကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ မောင်ဇော်ရှင်းမှ လူငယ်ရေးရာ လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လူငယ်မောင်မယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ ပါတီဝင်လူငယ်တစ်ဦးမှလက်ခံရယူသည်။


ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ ပြာသာဒ်ကြီးဘုရားမှ ပြန်လည်မွမ်းမံပြင်ဆင်သော ဆင်းတုတော်သည် ရှေးဟောင်းလက်ရာမဟုတ်ဘဲ အသစ်ပြန်လည်တည်ထားသည့် ဆင်းတုတော်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင် များက ကြီးကြပ်ကာ ရောင်တော်ဖွင့်သည့်အနေဖြင့် ရေဆေးပြန်သုတ်ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုညွှန်ကြား ရေးမှူး ဦးအာကာကျော်ကပြောသည်။


အိန္ဒိယနဲ့ မြန်မာစစ်တပ်အကြား ပထမဦးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အရှေ့မြောက်ပိုင်း Meghalaya ပြည်နယ်၊ Umroi မှာ နိုဝင်ဘာလ ၂၀ရက်၊ တနင်္လာနေ့က စတင်ကျင်းပခဲ့ပါတယ်။ မြန်မာစစ်တပ်ဘက်က အရာရှိ ၁၅ ဦးနဲ့ အိန္ဒိယစစ်တပ်ဘက်က အရာရှိ ၁၆ ဦးတို့ စုစုပေါင်း ပါဝင်ခဲ့တဲ့ ၆ ရက်ကြာ 2017 IMBAX ခေါ် ၂၀၁၇ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ဒီသီတင်းပတ် စနေနေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။


ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းကြောင်းနဲ့ ၀န်ကြီးနှစ်ဦးကို ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ တိုးချဲ့ဖွဲ့စည်းဖို့ တင်ပြခဲ့တဲ့ဝန်ကြီးဌာန နှစ်ခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအတွက် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က တာဝန်ယူမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအတွက် လက်ရှိနိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်တင်က တာဝန်ယူမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ၀န်ကြီးဌာန (၂၂)ခုရှိပြီး အသစ်ထပ်မံတင်ပြလိုက်တဲ့ ၀န်ကြီးဌာန (၂)ခုတိုးလာမယ်ဆိုရင် (၂၄)ခုရှိလာမှာဖြစ်ပါတယ်။


NCA ၏အဓိက ရည်မှန်းချက်က ထာဝရငြိမ်းချမ်းရေးဖြစ်သည်ဟု JMC-U ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြော ဆိုလိုက်သည်။ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ၁၃ ကြိမ် မြောက် ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ ပုံမှန်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။


တောင်ငူ နိုဝင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် နိုဝင်ဘာ ၂၁ ရက်နေ့ ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဒိုးတောင်ကျေးရွာအုပ်စု ရေချိုးချောင်းကျေးရွာမှ အသက်ပြည့်ပြီး ဖြစ်သည့် ကျေးရွာသားအားလုံးနီးပါး ကျေးရွာလုံးကျွတ်ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။


ကယားပြည်နယ်၊ ဖရူဆိုမြို့
၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၀)ရက်
၂၀၁၇ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၀း၁၅)နာရီအချိန် ကယား ပြည်နယ် ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်ပါသည်။


နေပြည်တော် နိုဝင်ဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ငွေကျပ်၁ဝသိန်းအား ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
နေပြည်တော်ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာတွင် လက်ရှိနားခို လျက်ရှိကြသော တပ်မတော်သား အငြိမ်းစား များနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ နားခိုနေထိုင်ကြသည့်အချိန်များ၌ လိုအပ်သော ဝေယျာဝစ္စများတွင် ထည့်ဝင် သုံးစွဲနိုင်ရန် ဥက္ကဋ္ဌဦးသန်းဌေးက မွေးနေ့အထိမ်းအမှတ်အနေဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး H.E Mr.Robert Chua မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဋ္ဌာနချုပ် နေပြည်တော် ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုများအား ဆွေးနွေးခဲ့ကြသည်။