ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီ အချိန်က တိုင်းပါတီဥက္ကဋ္ဌနှင့် ပဲခူးအရှေ့ခြမ်းရှိ ခရိုင် / မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသော ပဲခူး၊ တောင်ငူခရိုင်မှ ဥက္ကဋ္ဌများနှင့် မြို့နယ် ၁၄ မြို့နယ် မှ ပါတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြသည်။ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပါတီ၏ရှေ့လုပ်ငန်းစဉ် များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ခရစ္စမတ် ဆုတောင်းပွဲတက်ရောက်
(မြစ်ကြီးနား)
မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ချန်းမူးအသင်းတော်အခြေပြု “ချန်းမူး” မူးယစ်ကင်းစင်ရေးဂေဟာ၌ ကျင်းပပြုလုပ်သော ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို (၂၁-၁၂-၂၀၁၇) ရက်နေ့ နေ့လည် (၂း၀၀) နာရီအချိန်က “ချန်းမူး´´ မူးယစ်ကင်းစင်ရေးဂေဟာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးညွန့်ဝင်း တက်ရောက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး ပေးပို့သည့် ခရစ္စမတ်ဆုတောင်းပွဲသ၀ဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ကျေးရွာတံတားဖွင့်ပွဲ တက်ရောက်အားပေး
၂၁ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးဘိုစံ၊ အတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင်ကော်မတီဝင် ဦးကျာဒေါလုံ၊ မြို့နယ် ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်လွင်၊ ဦးအောင်ထန်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ၊ ပါတီ လူငယ်များသည် တာလေမြို့နယ် တာကြန့်ကျေးရွာအ၀င် တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး ခဲ့ကြပါသည်။
သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ Online Media မွမ်းမံ (ဆင့်ပွား)သင်တန်းကျင်းပ
(၂၁.၁၂.၂၀၁၇) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ Online Media မွမ်းမံ(ဆင့်ပွား) သင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းကော်မတီဝင်များ၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်းနည်းပြများဖြစ်ကြသော ဦးကျော်စန်း၊ ဦးဝင်းလှိုင်ငြိမ်းနှင့် ဦးဇော်အောင်ထက်၊ သပိတ်ကျင်းမြို့နယ်ပါတီဥက္ကဌ ဦးထွန်းတင့်နှင့် ကော်မတီဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြများမှ သင်ခန်းစာများကို ဆက်လက်ဆွေးနွေးပို့ချခဲ့ပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးသိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ် H.E. Mr. Wang Weiguang ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့အားတွေ့ဆုံ
နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံရေးသိပ္ပံ တက္ကသိုလ်ပါမောက္ခချုပ် H.E. Mr.Wang Weiguang ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲ၌ နေပြည်တော်ပါတီဌာနချုပ်ဧည့်ခန်းမ (၁) တွင် လက်ခံတွေ့ဆုံခဲ့သည်။
ကချင်ပြည်နယ် မိုးမောက်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ လက်ရှိနိုင်ငံရေးအခြေအနေ ရှင်းလင်းပွဲအခမ်းအနား ပြုလုပ်
ကချင်ပြည်နယ် မိုးမောက်မြို့တွင် လက်ရှိနိုင်ငံရေးအခြေအနေ ရှင်းလင်းပွဲအခမ်းအနားကို ယခုလ ၁၆ ရက် နံနက် ၁ဝး၀၀ နာရီအချိန်က အလင်းကောင်ရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ကချင်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ဗန်းမော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ ပါတီကော်မတီဝင် ဦးဇော်မင်းရင်၊ ဒေါ်နန်းစိုးစိုးအောင်၊ ဗန်းမော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ မိုးမောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူး ဦးဦးဒါရှီတူးလွန်၊ ဘဏ္ဍာရေးမှူး ဦးဘရန်တောင်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၉၁ ဦး တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂၀၁၇) ဖွင့်လှစ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/ ၂ဝ၁၇) ကို ယခုလ ၁၆ ရက်တွင် သင်တန်းသား ၄၂ ဦးဖြင့် မြို့နယ်ပါတီရုံးတွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။
စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Online Media မွမ်းမံ (ဆင့်ပွား) သင်တန်းကျင်းပ
(၂၀.၁၂.၂၀၁၇) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ Online Media မွမ်းမံ (ဆင့်ပွား) သင်တန်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးတင့်လွင်ဦးနှင့် ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ပါတီဥက္ကဌ ဦးဝင်းကြည်နှင့် ခရိုင်ကော်မတီဝင်များ၊ သင်တန်း နည်းပြများဖြစ်ကြသော ဦးဝင်းလှိုင်ငြိမ်းနှင့် ဦးဇော်အောင်ထက်၊ စဥ့်ကူးမြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ဝင်းနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင့်လွင်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြများမှ သင်ခန်းစာများကို ဆက်လက် ဆွေးနွေးပို့ချခဲ့ပါသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် ပြည်ခိုင်ဖြိုးပါတီ ရိုးရာပွဲတော်များတက်ရောက်အားပေး
၁၈ – ၁၂ – ၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်သည့် (ဒသမ) အကြိမ်မြောက် အာခါ ” ခါးထောင်းဖား ” ပွဲတော်နှင့် ကရင်အမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်များကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အဆိုပါပွဲတော်များသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံး ဆိုင်၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းကျော်လှနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ တာချီလိတ်မြို့နယ် ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ကော်မတီဝင်များမှ (ဒသမ) အကြိမ်မြောက် အာခါ ” ခါးထောင်းဖား” ပွဲတော်သို့ တက်ရောက်အားပေးခဲ့ကြပါသည်။
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဘောလခဲခရိုင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနား
ဘောလခဲ၊ ဒီဇင်ဘာ( ၂၀) ရက်
ယမန်နေ့ ၂၀-၁၂-၂၀၇ ရက်နေ့ နေ့ခင်း (၂း၀၀)နာရီ (၂း၃၀)နာရီ အချိန်အထိ ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ဘောလခဲခရိုင်နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားအား ကယားပြည်နယ် ဘောလခဲခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
ပထမဦးစွာ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ သင်တန်းဆင်း အမှာစကား ပြောကြားသွားပါသည်။