ဘဏ္ဍာနှစ်ပြောင်းလဲရေးကာလ ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လဘတ် ဂျက်တွင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၁,၂၀၀ ကျော် သုံးစွဲရန်လျာထားကြောင်း ယင်းဝန်ကြီး ဌာနတို့က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းသည်။
ဘဏ္ဍာနှစ်ပြောင်းလဲရေးကာလ ၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လဘတ် ဂျက်တွင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၁,၂၀၀ ကျော် သုံးစွဲရန်လျာထားကြောင်း ယင်းဝန်ကြီး ဌာနတို့က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းသည်။
ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက်က ၃၀ရာခိုင်နှုန်း နှင့် တရုတ်အစိုးရပိုင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် ဇန်န၀ါရီလဆန်းတွင် သဘောတူညီခဲ့ကြောင်း ရခိုင် ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဦးကျော်အေးသိန်းကပြောသည်။
၂၀၁၅ တွင် တရုတ်ကုမ္ပဏီ က တင်ဒါအောင်မြင်သော်လည်း အစိုးရအကူးအပြောင်းကြောင့် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ ကြား ရှယ်ယာပိုင်ဆိုင်မှုကို အချိန် ကြာညှိနှိုင်းခဲ့ပြီး ယခုလိုသဘော တူညီချက်ရရှိခြင်းဖြစ်၍ လုပ်ငန်း များစတင်နိုင်ရန် သဘာဝပတ် ၀န်းကျင်ထိခိုက်မှုနှင့် လူမှုဘ၀ထိ ခိုက်မှုများကို လေ့လာတော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
တရုတ် သုတေသန သင်္ဘော ရှန်ယန်ဟောင် ဝ၃ ဟာ သိပ္ပံပညာရှင် အဖွဲ့ကို တင်ဆောင်ရင်း မြန်မာ သီလဝါ ဆိပ်ကမ်းကို ဇန်နဝါရီ ၁၇၇က် ဗုဒ္ဓဟူးနေ့က ဆိုက်ရောက် လာပါတယ်။ မြန်မာ ရေပိုင်နက်ထဲ တရုတ်-မြန်မာ နှစ်နိုင်ငံ ပညာရှင်တွေ ပူးပေါင်းပြီး အဏ္ဏဝါဗေဒ ဆိုင်ရာ စူးစမ်းလေ့လာမှုတွေ ၃ ရက်ကြာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများနှင့်ပတ်သက်ပြီး ကန့်သတ်မှုများ ကြုံနေရခြင်းအပေါ် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုရယူအဖြေရှာမည်ဟု တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့၏ရုံးက ဇန်နဝါရီ ၉ ရက်တွင် သတင်း ဖော်ပြသည်။ ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ပြုလုပ်မည့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) ခေါင်းဆောင် ပဒိုစောတာဒိုမူးအား မေးမြန်းထားမှုများကို NCA လက်မှတ်ထိုးရှစ်ဖွဲ့ရုံးက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြသည်။
ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်း အမြန် အကောင်အထည်ဖော်နိုင်ရေး မြန်မာအစိုးရနှင့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုတို့ ဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ ရခိုင်ပြည်နယ် စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအမြန် အကောင်အထည်ဖော်နိုင်ရန် ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် ရွေ့လျားအိမ်ရာ အလုံး ၁၀၀ လွှဲပြောင်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးကလည်း တိုက်တွန်း ပြောကြားသည်။
ရပ်ကွက် (သို့မဟုတ်) ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ယခုလကုန် အပြီးဖွဲ့စည်းရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြောသည်။ လက်ရှိတွင် မြို့နယ်၊ ခရိုင် နှင့်တိုင်းဒေသကြီး၊ ပြည်နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ကို အသစ်ပြန်လည် ဖွဲ့စည်းပြီး ရပ်ကွက်(သို့မဟုတ်) ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ထပ်မံဖွဲ့စည်းရန် ပြင်ဆင်နေသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မှန်ကန်မှုရှိ၊ မရှိအစိုးရနှင့် တပ်မတော်ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နှင့် အကြိုလူထုတွေ့ဆုံပွဲအတွက် ရှမ်းအဖွဲ့အစည်းများက အစိုးရ နှင့် ညှိနှိုင်းရသည့် အခြေအနေများအပေါ် ၎င်းက သုံးသပ်ပြောကြား သည်။
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြိုလူထုတွေ့ဆုံပွဲ)များ ကျင်းပရာတွင် ကြုံတွေ့ရသည့် အခက်အခဲအပါအဝင် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများကြောင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့ ခေါင်းဆောင်များ အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၁၁ နှင့် ၁၂ ရက်တွင် ချင်းမိုင် မြို့၌ ကျင်းပမည်ဖြစ်ကြောင်း ခေါင်းဆောင်အချို့က ပြောကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF)က နိုင်ငံရေးပါ တီများနှင့်တွေ့ဆုံကာ ဖက်ဒရယ် အခြေခံမူများတွင် ပါဝင်သင့် သည့် အချက်များနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း ABS -DF ဒုတိယဥက္ကဋ္ဌဦးမျိုးဝင်းက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယ အကြိမ်အစည်းအဝေးမတိုင်မီ ရက်များတွင် ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် စီစဉ်နေကာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် အင်အားကြီးပါတီတို့အပြင် တိုင်းရင်းသားပါတီများလည်း ပါဝင်မည် ဖြစ်ကြောင်း ဦးမျိုးဝင်း က ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ်ပြီး ၂၂ လအကြာတွင် အွန်လိုင်းမှ တိုက်ရိုက်ရှယ်ယာ ရောင်းဝယ်ခြင်းကို ချေးငွေသက် သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်၌ ခွင့်ပြုခဲ့သည်။