ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်တို့သည် ယနေ့မွန်းလွဲ ၁၂နာရီခွဲက ရွှေဘိုမြို့၊ပုခန်းကျောင်းတိုက်သို့ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော်ဦးဝိမလအားဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ပါတီဥက္ကဌဦးသန်းဌေးနှင့် ဇနီးဒေါ်စိုးဝတ်ရည်တို့အဖွဲ့သည်ရှေးဦးစွာ ပုခန်းကျောင်းဆရာတော်ဦးဝိမလအား ဖူးမျှော်ကန်တော့၍ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများနှင့်အတူ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ရွှေဘိုမြို့ရှိ ရာဇအောင်မြေဘုရားအား ဖူးမျှော်ကြည်ညိုကာ အောင်မြေနင်းခဲ့သည်။