ရန်ကုန် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး ကော့ မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံ ရေးစီမံခန့်ခွဲမှု အမှတ်စဉ်(၂)သင် တန်း၊ အပ်ချုပ်စက်သင်တန်းနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေး အပ်ပွဲကို ယမန်နေ့ နံနက်၁ဝနာရီခွဲ က ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမြို့နယ်ရုံးခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင် ဖြိုးပါတီခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦးက ယနေ့ဖြစ်ပျက်နေသော နိုင်ငံရေး ဖြစ်စဉ်များ၊ အခက်အခဲများအား တက်ရောက်လာသော သင်တန်း သား သင်တန်းသူများကို ရှင်းလင်း လျက် ပါတီ၏ မူဝါဒလမ်းစဉ်များ၊ ခရိုင်၊ တိုင်းဒေသကြီး၊ ဌာနချုပ် တို့၏ လမ်းညွှန်ချက်များ၊ စည်းရုံး ရေးရာများကို ပြောကြား၍ သင် တန်းဆင်းအမှာစကားပြောကြားခဲ့ သည်။