ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရွှေဘို ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၉နာရီက ခရိုင်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းဝင်းထွန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးအေးနှင့် ခရိုင်ကော်မတီဝင်များ၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းမြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ်ရေးရာတာဝန်ခံများ တက်ရောက်ကြ ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်

ညောင်ရွှေ ဧပြီ ၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပါတီရုံးတွင် ကျင်းပရာ ပါတီဗဟိုကော်မတီဝင် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော်၊ ပြည်နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးအုန်းဖေ၊ ဦးစိန်လေးမောင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ညောင်ရွှေမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစံရွှေက ကျေးဇူးတင် စကား ပြန်လည်ပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရုပ်သိမ်းလိုက်သည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၃/၂၀၁၈ လပါတ်ပုံမှန်အစည်းအဝေး ကျင်းပ

၂၀၁၈ ခုနှစ် ဧပြီလ (၁) ရက်နေ့  (၁၀း၀၀) နာရီအချိန် အမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ၃/၂၀၁၈ လပါတ်ပုံမှန်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင်  ပြည်နယ်ကော်မတီဝင် ဦးခင်သောင်း၊ ပြည်နယ်အရံကော်မတီဝင် ဦးတင်အောင်၊ ခရိုင်ကော်မတီဝင် ဦးသောင်းငြိမ်း၊  မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်နိုင်၊ မြို့နယ်ကော်မတီဝင်များနှင့် ရုံးဝန်ထမ်း များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး မအူပင် ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲသို့ တက်ရောက်

မအူပင် ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ငါးကြီးဂရက်ကျေးရွာအုပ်စု ရွာသစ်စုကျေးရွာရှိ ဦးချစ်တင်၏ တလင်းမြေတွင် ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပသော ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး Developing Self leadership for Effective Operation သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် နေပြည်တော်ပါတီဌာနချုပ် သင်တန်းခန်းမ ဆောင်၌ ကျင်းပသော Developing Self leadership for Effective Operation သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့နံနက် ၉ နာရီတွင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

တောင်ငူလေတပ်စခန်းဌာနချုပ်မှ အက်ဖ်-၇ လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ

 

နေပြည်တော် ၊ ဧပြီ ၃

တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော အက်ဖ် – ၇ လေယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့်  အကွာ အမြင့်မီတာ ၅၀၀ ခန့် အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ သည်။

မြန်မာ့အကြီးဆုံးသော ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်၏ ဥက္ကဋ္ဌ ရာထူး အပြောင်းအလဲ ဖြစ်ပေါ်

မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် ဆုတံဆိပ်အများဆုံးရ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်ဥက္ကဋ္ဌရာထူးမှာ ဧပြီလ ၂ ရက်တွင် အပြောင်းအလဲဖြစ်ပေါ်သွားခဲ့ကြောင်း အဆိုပါလုပ်ငန်းစု၏ အကြီးအကဲတစ်ဦးဖြစ်သူ ဒေါ်နန်းလိုင်ခမ်း က အတည်ပြုရေးသားဖော်ပြလိုက်သည်။

ကမ္ဘောဘဏ်နှင့်လုပ်ငန်းစုတစ်ခုလုံး၏ ဥက္ကဋ္ဌမှာ ပရဟိတသူဌေးကြီးဟု နာမည်ကြီးနေသော ဦးအောင်ကိုဝင်း ဖြစ်ပြီး ကမ္ဘောဇဘဏ်ဥက္ကဋ္ဌတာဝန်ကို ဦးအောင်ကိုဝင်းထံမှ ဦးမြသန်းက လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ” ဒီနေ့မှာတော့ ကမ္ဘောဇဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့က ကျွန်မရဲ့ဖေဖေ ဦးအောင်ကိုဝင်းကို ဘဏ်ရဲ့ “နာယက” “Chairman Emeritus” အဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်တွေ့ဆုံဆွေးနွေး

3 April 2018 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဆူရာကီရတ် ဆာသီရာထိုင်းဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံပါတယ်။

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများရှိ မြန်မာ ရွှေ့ ပြောင်း လုပ်သား ၁၄၅၀၀၀ ခန့် ကို CI ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းများနှင့် ဆက်စပ် လုပ်ငန်းများရှိ မြန်မာ ရွှေ့ ပြောင်း လုပ်သား ၁၄၅၀၀၀ ခန့် ကို CI ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံရှိ ငါးဖမ်း လုပ်ငန်းတွင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ ဘေးအန္တရာယ်များ သိရှိနားလည်ရေး ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့် ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ပကုန်သွယ်မှုတိုးလာ၊ ပို့ကုန်ကန်ဒေါ်လာ ၁၄ ဘီလီယံကျော်အထိ စံချိန်တင် တင်ပို့နိုင်

 

3 April 2018

မြန်မာနိုင်ငံရဲ့ပြည်ပပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ပြည်ပ ကုန်သွယ်မှု အခြေအနေဟာလည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက် တိုးတက်လာတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

မနေ့က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ (၁၆) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေ က ပြောသွားတာပါ။