
NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများ အကြား ပစ်ခတ်တိုက် ခိုက်မှုမရှိစေရေး ဆောင်ရွက် ရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ က JMC ကော်မတီအဆင့်ဆင့် တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အဆင့်ဆင့်မှ ကော်မတီဝင်များ၏ JMC လုပ်ငန်းစဉ်အားနည်းချက်၊ အားသာချက် များအား ပြန်လည်သုံးသပ်သည့် ဒုတိယအကြိမ် မျက်နှာစုံညီအ စည်းအဝေးကို မေလ ၈ ရက်ကစ၍ ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ပြုလုပ်နေသည်။ အစည်းအဝေးအဖွင့် အမှာစကားပြောကြားရာတွင် ပြည်ထောင်စု အဆင့် JMC တာဝန်ရှိသူများက ယင်းသို့ ထည့်သွင်း ပြောကြား ခဲ့သည်။




