၂၀၁၈ ခုနှစ် ဧပြီလ(၇)ရက်နေ့ နံနက်(၀၈း၃၀)အချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ လူငယ်နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ အဆိုပါ လူငယ်နှီးနှော ဖလှယ်ပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ဘဏ္ဍာရေးမှူး ဦးသန်းထွန်း(ဗဟိုကော်မတီဝင်)နှင့် ပြည်နယ် ကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ ခရိုင်(၅)ခရိုင်မှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ်(၁၇)မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌ များနှင့် မြို့နယ်လူငယ်တာဝန်ခံများ၊ လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား(၄၂၈)ဦးတက်ရောက်ခဲ့
ကြသည်။ ဆက်လက်၍ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုကော်မတီဝင်)မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လူငယ် တာဝန်ခံ ဦးစန်းငွေမှ လူငယ်နှီးနှောဖလှယ်ပွဲ ကျင်ပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး အခမ်းအနား ပထမပိုင်းကို ခေတ္တရပ်နားခဲ့ကြသည်။ ဆက်လက်ပြီး ဒုတိယအစီအစဉ်အရ တက်ရောက် လာကြသော လူငယ်များအား အစုအဖွဲ့(၇)ဖွဲ့ ဖွဲ့စည်းပြီး အစုအဖွဲ့စာတမ်း(၇)စောင်အား ပြုစုခဲ့ကြသည်။
သတင်းအပြည့်အစုံကိုကြည့်ရှုရန်