တနင်္သာရီတိုင်းဒေသကြီးမြိတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သောမြို့နယ်အဆင့်လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၈နာရီခွဲတွင် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေး ခန်းမ၌ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးမြိတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သောမြို့နယ်အဆင့်လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၈နာရီခွဲတွင် မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေး ခန်းမ၌ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လက်တလောဖြစ်ပျက်နေသည့် လစာတိုးမြှင့်ခြင်းကိစ္စ၊ NVC ကတ်ကိစ္စနှင့် ငြိမ်းစုစီအရေးကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲအခမ်းအနားအား ရန်ကုန်မြို့ရှိ ပါတီရုံးတွင် ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလုပ်မှုဆောင် ဦးလှသိန်း၊ ဒေါက်တာပွင့်ဆန်း ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ဦးသိန်းထွန်းဦးတို့် တက်ရောက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်မောင်၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူ၊ ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်စံပယ်ဝင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ်ပါတီအတွင်းရေးမှူး ဦးညွန့်သောင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့များသည် (၁၀.၄.၂၀၁၈)ရက်နေ့ (၁၃း၀၀)အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ရွာရှိ ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်းသို့သွားရောက်ပြီး နှစ်သစ်အကြိုအထိမ်းအမှတ်အဖြစ် ပြည်ခိုင်ဖြိုးပါတီဝင်များမှ စုပေါင်းလှူဒါန်းသော အလှူငွေ(၁၀)သိန်းကျပ်နှင့်သင်္ကန်းခြင်းအား ဆရာတော်ဦးမင်္ဂလထံဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်မှဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
#ပြည်ခိုင်ဖြိုး
#မန္တလေးတိုင်းဒေသကြီး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းခတ်မြို့နယ် လူငယ်အကြိုညီလာခံနှီးနောဖလှယ်ပွဲအခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့ နံနက်(၉:၃၀)ချိန်တွင် မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမုန့် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစဲကီကော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲ၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်သုလွင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်၊၊ ရှေ့ဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမုန့်က အမှာစကားပြောကြားပြီး၊ လူငယ်တာဝန်ခံကိုယ်စား မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်သုလွင်မှ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းပြခဲ့ပါသည်။
၈-၄-၂၀၁၈ ရက်နေ့ နံနက် ( ၉ : ၀၀ ) နာရီအချိန်တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၂ – ကြိမ်မြောက် အသက် ( ၈၅ ) နှစ်နှင့်အထက် ဘိုးဘွား ( ၉၁ ) ဦးအား ပူဇော်ကန်တော့ပွဲ ကျင်းပရာသို့ ဆိပ်ကြီးခနောင်မြို့နယ်တာဝန်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖံွ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဒေါ်မိုးမိုးအိ တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး သက်ကြီးဘိုးဘွားများကို ပူဇော်ကန်တော့ခဲ့ပါသည်။
ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉နာရီ ၁၅မိနစ်က အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌတာဝန်ပေး အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းအမှတ်စဉ် (၂)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံးတွင်ကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး တောင်ပိုင်းခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာ စကား တက်ရောက်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်လင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်း စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး သင်တန်းကိုစတင်ပို့ချခဲ့သည်။