
သမ္မတဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့ကို ယမန်နေ့ က လက်ခံတွေ့ဆုံစဉ်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကဏ္ဍ တိုးမြှင့်ရေး ဆွေးနွေးခဲ့သည်။ ထို့အတူ နှစ်နိုင်ငံနယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင် ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။




