မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခြေခံကွန်ပျူတာနှင့် စက်ချုပ်သင်တန်းများ ဆင်း အခြေခံကွန်ပျူတာသင်တန်း(၂/၂ဝ၁၈)ဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း(၁/၂ဝ၁၈) နှင့် စက်ချုပ်သင်တန်း(၁/၂ဝ၁၈) ဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း(၂/၂ဝ၁၈)ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီ တွင် မင်္ဂတောင် ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းက အမှာစကားချီးမြှင့်ခဲ့သည်။

မန္တ​လေးတိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး ​ရေးပါတီ လူငယ်​ညီလာခံအကြို လူငယ်​နှီး​နှောဖလှယ်​ပွဲ ကျင်းပ

 

ဘင်္ဂါလီအရေးအား ဦးစားပေးခြင်းကို လယ်ဝေးတွင် ကန့်ကွက်ရှုတ်ချပွဲ ကျင်းပ

 

နေပြည်တော် လယ်ဝေးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်း အတွင်း၌ တိုင်းရင်းသားများထက်ဘင်္ဂါလီ အရေးအားဦးစားပေးခြင်းကို ကန့်ကွက် ရှုတ်ချပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပ ခဲ့သည်။
ရှုတ်ချပွဲတွင် ရခိုင်ပြည်နယ်၌ဖြစ်ပေါ် လျက်ရှိသော ဘင်္ဂါလီအရေးကိစ္စများနှင့် NVC (National Verification Card) ကတ်ကိုင်ဆောင်သူများ လွတ်လပ်စွာ သွားလာခွင့်ရပြီဟု ပြောကြားခဲ့မှုအပေါ် ဆွေးနွေးခဲ့ပေါ်ဦးကြပြီး အင်အား ၃ဝဝ ခန့်တက် ရောက်ခဲ့သည်။

လက်နက်ကိုင်ငါးဖွဲ့ NCA တွင် ပါဝင်လာရေး အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲများပြုလုပ်ကြိုးပမ်းနေဟု နိုင်ငံတော်အတိုင်ပင်ခံရုံးထုတ်ပြန်

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့ပါဝင်လက်မှတ်ရေးထိုးရေး အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲ များပြုလုပ်၍ ကြိုးပမ်းနေကြောင်း အစိုးရသစ် ၂ နှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွပ်အချပ်(၈၀) လှူဒါန်း

 

လေပြင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်ဆီးသွားသော ပွင့်​ဖြူမြို့နယ်​၊ ဆင်​လူး​ကျေးရွာအ​ခြေခံပညာအလယ်​တန်း​ကျောင်းဆောင် ပြန်လည်ပြုပြင်နိုင်ရေး အတွက် ပြည်​ခိုင်​ဖြိုးပါတီမှ ​အမိုးသွပ်အချပ်(၈၀)​ပေးအပ်​လှူဒါန်းခဲ့သည်။

USDP, Magway Region


ယဉ်​​ကျေးလိမ္မာသင်​တန်း တတ်​​ရောက်​​သင်​ကြား​နေ​သော ကလေးများအား အာဟာရအ​နေဖြင့်​ဒါနပြုခြင်း

 

ကရင်​ပြည်​နယ်​ ကြာအင်းဆိပ်​ကြီးမြို့နယ်​ ဘုရားသုံးဆူမြို့ အထက်​တန်း​ကျောင်း၌ သာသနာ့ဝံသပါလအသင်းကြီးမှ ဦး​ဆောင်​ဖွင့်​လှစ်​​သော (၆) ကြိမ်​​မြောက်​ ယဉ်​​ကျေးလိမ္မာသင်​တန်းအား တတ်​​ရောက်​သင်​ကြား​နေ​သော က​လေးငယ်​များအား ဘုရားသုံးဆူမြို့ပြည်​ခိုင်ဖြိုးပါတီမိသားစုများမှ စု​ပေါင်း၍ အာဟာရ
အ​နေဖြင့်​.နို့ဗူးနှင့်​မုန့်​များအား သွား​ရောက်​ဒါနပြုခဲ့​ကြပါသည်​။

‎Yekya Thu


ကယားပြည်ခိုင်ဖြိုးပါတီမှ ပါတီလုပ်ငန်းစဉ်များအား အပြန်အလှန်တွေ့ဆုံဆွေးနွေး

 

(၈-၅-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ နေ့လည် (၁၂း၀၀)နာရီ အချိန်အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်း တွင် ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းဦးဆောင်သော ပြည်နယ်ပါတီအဖွဲ့နှင့် ကရင်နီပြည် အမျိုးသမီးများကွန်ယက်(KSWN) အဖွဲ့တို့ တွေ့ဆုံကာ ပါတီတွင်းလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ အပြန်အလှန်မျှဝေ ဖလှယ်ကာ တွေ့ဆုံမှုတစ်ခု ရင်းနှီးပွင့်လင်းစွာ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။

ကြက်ခြေနီအသင်းခွဲအတွက်ငွေလှူဒါန်း

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်း ထွန်းအောင်က မြို့နယ်ကြက်ခြေနီ အသင်းခွဲအတွက် အလှူငွေများကို မေ ၆ရက် နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ပေးအပ်လှူဒါန်းစဉ်။

ဝင်းအောင်(မိုးကောင်း)