ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပုဗ္ဗသီရိမြို့နယ် ရုံးအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ် ကော်မတီဝင်များ လုပ်ငန်းညှိ နှိုင်းအစည်းအဝေး ကျင်းပ ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေအတွင်းရေးမှူး ဦးဌေးဝင်း၊ ပြည်ထောင်စုနယ်မြေကော် မတီဝင် မြို့နယ်တာဝန်ခံ ဦးနိုင်လင်းသောင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံဦးတင်ဆန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့်မြို့နယ်ကော်မတီဝင်များ တက်ရောက် ခဲ့ကြ၍ ပါတီလှုပ်ရှားဆောင်ရွက်မှုများ၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။


