မိတ္ထီလာ ဇူလိုင် ၁၆
မိတ္ထီလာမြို့နယ် ကန်သာ အုပ်စု ထနောင်းကန်ကျေးရွာရှိ ဘုရားကြီး ဓမ္မစကူးလ်ယဉ်ကျေး လိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား လျက်ရှိရာကျောင်းသားကျောင်းသူ ၃၇ဝ တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင် တန်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးစိုးအောင်၊ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးအောင်ကျော်မိုး၊ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်နှင့် မိတ္ထီလာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီ ဝင်များ တက်ရောက်ကြသည်။