ဒီးမော့ဆို၊ ဇူလိုင် ၁၆
ဒီးမော့ဆို၊ ဇူလိုင် ၁၆
ပဲခူး ဇူလိုင် ၁၆
ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးအစည်း အဝေးခန်းမ၌ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နှင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ ပုံမှန်လပတ်အစည်း အဝေးကို ယမန်နေ့က ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဦးမင်းခန့်ကျော်က ပြည်ခိုင်ဖြိုးပါတီဗဟိုမှ လမ်းညွှန်ချက် များ၊ ယခုလက်ရှိလုပ်ရမည့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြော ကြားပြီး ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဋ္ဌများကလည်း ပြန်လည်၍ အကြံပြုဆွေးနွေးတင်ပြကြကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ် ပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် ပါတီဝင်လူငယ်များ နှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန် ဇူလိုင် ၁၆
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်ညီလာခံအတွေ့အကြုံရှင်း လင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီတွင် မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကိုနိုင်ငံ တော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ သည်။ ၄င်းအခမ်းအနားတွင် အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်လဲ့လဲ့အေးက အမှာစကားပြောကြားခဲ့သည်။
ပုသိမ် ဇူလိုင် ၁၆
ပုသိမ်မြို့နယ်အတွင်းရှိ ၂ဝ၁၇-၂ဝ၁၈ တက္ကသိုလ်ဝင်တန်းအောင် ပါတီဝင်သားသမီးများ အားပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီကကျင်းပရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟို အလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးညဏ်လင်းနှင့် တိုင်းဒေသကြီး ကော်မတီ ဝင်များ၊ ပုသိမ် ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၃၅ဝ ကျော်တက်ရောက်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ တာမွေမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံတိုင်းပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင်ဦးခင်မောင်စိုးတို့သည် ယနေ့နေ့လည် ၁ နာရီအချိန်ကတာမွေပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေ မြို့နယ်ကော်မတီဝင်များ ရပ်မိရပ်ဖများ ရပ်ကျေးပါတီဥက္ကဌများနှင့် တာမွေမြို့နယ် မြို့နယ်ပါတီရုံး၌တွေ့ဆုံ
တာမွေမြို့နယ်။
ရန်ကုန်မြို့။
ဇူလိုင်လ(၁၆)။
ယခင်က NCA တွင် ပါဝင်ခြင်းမပြုရန် ငြင်းပယ် ခံထားရသည့် တအာင်း (TNLA)၊ ကိုးကန့် (MNDAA) နှင့် ရခိုင် (AA) တို့အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့စလုံး NCAထိုးနိုင်ရေး ညှိနှိုင်းမည်ဟု အစိုးရ ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောကြားသည်။ ဇူလိုင် ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအ ဝေးအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ပြောကြားသည်။
စစ်ပွဲများဖြစ်ပွား ခြင်းနှင့် နှိုင်းယှဉ်ပါက ငြိမ်းချမ်း ရေးညီလာခံအတွက် သုံးစွဲသည့် ငွေကြေးသည် ပြည်သူလူထုအ တွက် ပိုမိုအကျိုးရှိ၍ ငွေကြေးသုံးစွဲမှုအပေါ် နှမြောခြင်းမရှိရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) တိုင်း ရင်းသားလက်နက်ကိုင်အစုအဖွဲ့ ဒုဥက္ကဋ္ဌဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံသို့ဆွေးနွေးရန်တင်သွင်းသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများဟူသည့်ကဏ္ဍလေးရပ်မှ အချက် ၁၄ ချက်ကို ညီလာခံရလဒ် အဖြစ် သတ်မှတ်ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးက သဘော တူညီခဲ့သည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊နိုင်ငံရေးပါတီနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့မှ ညီလာခံကိုယ်စားလှယ်များ ဆွေးနွေးခဲ့သည့်အချက်များအနက် မပြေလည်သည့် နိုင်ငံရေးနှင့် မြေယာကဏ္ဍမှ အချက်လေးချက်ကို ညှိနှိုင်းရန် UPJDC အစည်းအဝေးကို ဇူလိုင် ၁၅ ရက်တွင် ညီလာခံကျင်းပရာ နေပြည်တော်ရှိ MICC – II ခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ဦး၊ ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညောင်ဦးမြို့နယ် ညောင်ကြီး ကျေးရွာ ယမ်းစမ်းကျေးရွာအုပ်စုနှင့် ရွာသာအေးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီ ၆ဝ ခန့် တက်ရောက်ပြီး ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ၌ ပါတီအောင်နိုင်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များအား ပါတီဝင်လူထုများနှင့် တွေ့ ဆုံ၍ နိုင်ငံရေးစကားဝိုင်းများ ကျင်းပခဲ့သည်။