ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

ထီးချိုင့်၊ သြဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် မောင်းကုန်းအုပ်စု မောင်းကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီအခြေစိုက်ရုံးတွင် ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းတို့က မင်္ဂလာအချိန်တွင် ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အခြေစိုက်ရုံးတွင် ဆိုင်းဘုတ်တင်ကာ နိုင်ငံတော်အလံအားအလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်က အမှာစကားပြောကြားကာ မွန်းလွဲ ၁ နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ချမ်းမြသာစည်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​အား​ပေး

မန္တလေး၊ သြဂုတ်(၁၆)

မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​၊ ကျွန်းလုံးဥ​သျှောင်​ရပ်​ကွက်​ရှိ ဦးပွားဘုရားပုရိဝုဏ်​အတွင်းတွင်​ ချမ်းမြသာစည်​မြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ ကြီးမှူး​သော မိုးရာသီ စု​ပေါင်းသစ်​ပင်​စိုက်​ပျိုးပွဲအား ယ​နေ့ နံနက် ​၈ နာရီက ကျင်းပပြုခဲ့ရာ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​ တက်​​ရောက်​အား​ပေး၍ ကိုယ်​တိုင်​ကိုယ်ကျ သစ်​ပင်​ ပါဝင်​စိုက်​ပျိုး​ပေးခဲ့သည်​။

မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း၊ သြဂုတ် ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဝေးလံခေါင်းပါး ဒေသရှိ ကျောင်းသားကျောင်းသူများအား ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်း၊ သဘာဝဘေးဒဏ်ကြုံတွေ့ခံစားရ သော ဒေသခံပြည်သူများကို သွားရောက်အားပေးပြီး လိုအပ်သည်များ ကူညီထောက်ပံ့ပေးခြင်း၊ ဘာသာ လူမျိုး မရွေး နာရေးကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်း စသည့် လူမှုကူညီရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူပွဲ အဖျောက်ဒေသပါတီရုံး၌ ကျင်းပ

ရန်ကုန်၊ သြဂုတ် ၁၅

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက တိုက်ကြီးမြို့နယ် အဖျောက်ဒေသ ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘုရားအမှူးပြု၍ ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်မြတ်များထံမှ ရတနာမြတ်သုံးပါးနှင့် တကွ ငါးပါးသီလ ခံယူဆောက်တည်ကာ အနုမောဒနာတရား နာကြားကြသည်။

ဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသခြင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ဆောင်

ရန်ကုန်၊ သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်းရောဂါ အခမဲ့ ကွင်းဆင်းကုသရေးအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၄၁ – တိုးချဲ့) တော်ဝင်အိမ်ရာ သန္တိသုခ သာသနာ့ဗိမာန်တော်တွင် သွားနှင့်ခံတွင်းရောဂါဝေဒနာရှင်များ ကို အခမဲ့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့သည်။

မြိတ်ခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ပါတီဗဟိုအတွင်းရေးမှူး တွေ့ဆုံပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေး

မြိတ်၊ သြဂုတ် ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးသည် ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးသို့ရောက်ရှိပြီး မြိတ်ခရိုင်နှင့် ကျွန်းစု၊ မြိတ်၊ တနင်္သာရီမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး စည်းရုံးရေးမှူးများအား တွေ့ဆုံခဲ့သည်။

ပြည်နယ်ပါတီ နှင့် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

ဖရူဆို – သြဂုတ် ၁၅

NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့ ပေါင်း၍ စီးပွားရေးကုမ္ပဏီ ထောင်မည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ပေါင်းပြီး စီးပွားရေး ကုမ္ပဏီ ထူထောင်မည်ဟု ယင်းအဖွဲ့ကိုယ်စားလှယ်များ က ပြောသည်။ NCA လက်မှတ်ထိုးအဖွဲ့ခြောက်ဖွဲ့၏ ရပ်တည်ရေး အတွက်  ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တစ်ဖွဲ့လျှင် တစ်ဦးစီပါဝင်သည့် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဖြင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု KNLA ငြိမ်းချမ်းရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။ အဆိုပါ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင်သည် ပအိုဝ်းအဖွဲ့ (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့် ထွန်းဖြစ်သည်ဟု ၎င်းက ဆိုသည်။