အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပ
အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုလူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် အောင်လံမြိြု့ ပည်ခိုင်ဖြိုးခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ပါတီဝင်လူငယ် မောင်မယ်အင်အား ၂၅၀ ဦး တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး အရန်ပါတီကော်မတီဝင်၊ သရက်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းကျော်၊ တိုင်းကော်မတီဝင် ဦးတင်ဝင်းနှင့် အောင်လံမြို့နယ် ပါတီကော်မတီ ဥက္ကဌနှင့် ကော်မတီဝင်များ တက်ရောက်အားပေးခဲ့ကြပါသည်။
ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြိုတွေ့ဆုံပွဲကျင်းပ
မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့နံနက်တွင် ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ ကြောင်း သိရသည်။
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ ၀၉၃၀ နာရီတွင် မကွေးတိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ ခရိုင်ပါတီကော်မတီတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌ
ဦးအောင်သိန်းကျာ်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စုပါတီဥက္ကဌများ၊ လူငယ်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ
တက်ရောက်ခဲ့ကြပြီး သဘာပတိ ဦးထွန်းရှိန်၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်တို့မှ အမှာစကားပြောကြားခြင်း၊ ပါတီဝင်လူငယ်နှစ်ဦးမှ လူငယ်ကဏ္ဍဆိုင်ရာခေါင်းစဉ်အသီးသီးဖြင့် ဖတ်ကြားတင်ပြုခြင်းတို့ ဆောင်ရွက်ကြပြီး အခမ်းအနားကို ခေတ္တရပ်နားခဲ့ပါသည် ။
မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း
တိုင်းပါတီလုပ်ငန်းစိစစ်ရေးကော်မတီနှင့် မကွေမြို့နယ်ပါတီကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
မကွေး၊ ဧပြီ ၂
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တိုင်းလုပ်ငန်းစိစစ်ရေးကော်မတီနှင့် မကွေးမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီတွင် တိုင်းပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းလုပ်ငန်းစိစစ်ရေးတာဝန်ခံ ဦးစောဝင်းမောင်၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်၊ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် အစည်း အဝေးနှင့် ကွန်ပျူတာသင်တန်း ကျင်းပ
ငဖဲ မတ်၃၁
ဂန့်ဂေါခရိုင် ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
၁ ဧပြီ၂၀၁၈
မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲကျင်းပ
၃၀ မတ်၂၀၁၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့န ယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ရပ်/ကျေးပါတီဥက္ကဌတာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ယင်းနောက် ပြည်ခိုင်ဖြိုးပါတီတိုင်းအလုပ်မှုဆောင်ဦးလှစိုးမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမျိုးမြင့်၊ တိုင်းပါတီ အရန် ကော်မတီဝင် ဦးဝင်းတင့် တို့က ရပ်ကွက်နှင့်ကျေးရွာပါတီ ဥက္ကဌများအား တာဝန်ခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့ကြပါသည်။
Crd;
မကွေးတိုင်းဒေသကြီး ပါတီတာဝန်ရှိသူများ မြို့နယ်ပါတီများသို့ လုပ်ငန်းစိစစ်ရေးနှင့် ရေးရာကော်မတီများလုပ်ငန်းညှိနှိုင်းရေး ကွင်းဆင်းဆောင်ရွက်
၁ ဧပြီ၂၀၁၈
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီဘဏ္ဍာရေးမှူးး ဦးကြည်ထွန်း၊ တိုင်းပါတီလုပ်ငန်းစိစစ်ရေးအဖွဲ့တာဝန်ခံ ဦးစောဝင်းမောင်နှင့် မကွေးခရိုင်ပါတီဥက္ကဌ တို့သည် ရေးနံချောင်း၊ ချောက်၊ မြို့သစ်၊ နတ်မောက်နှင့် တောင်တွင်းကြီးမြို့နယ်များသို့ ပါတီလုပ်ငန်းစနစ်တကျရှိစေရေး၊ ရေးရာကော်မတီအလိုက် ဆောင်ရွက်ချက်များ စဉ်ဆက်မပြတ်လှုပ်ရှားနိုင်ရေးအတွက် လုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းရေးတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးအတွင်း ကျန်မြို့နယ်များအားလုံးလုပ်ငန်းစိစစ်နိုင်ရေး၊ ရေးရာအလိုက် ကော်မတီများ လုပ်ငန်းဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည် ။