ငဖဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေး ကွန်ပျူတာသင်တန်းဆင်း
ငဖဲ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လပတ်ပုံမှန်အစည်းအဝေး ၆/၂ဝ၁၈ ကို ယနေ့နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိလည်း ကောင်း၊ငဖဲမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် MMC Computer Center တို့ဧပြီနှင့်မေအတွင်းက ပူးတွဲဖွင့် လှစ်ခဲ့သည့် နွေရာသီအခြေခံကွန်ပျူတာ သင်တန်း၏ သင်တန်းဆင်းပွဲကို နံနက် ၉ နာရီခွဲမှ ၁ဝ နာရီခွဲအထိ သီးခြားစီ ကျင်းပ ခဲ့ပါသည်။
ညောင်ဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရမ်းဇမ်းကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စုအားငွေလှူဒါန်း
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှတာဝန်ရှိပုဂ္ဂိုလ်များသည် ယခုလ ၁၂ရက် ည ၈နာရီတွင် လေပြင်း မုန်တိုင်းတိုက်ခတ်ပြီး ဦးဌေးကြီး-ဒေါ်အိမ်မြဲတို့၏ အိမ်တစ်အိမ်ပြိုကျ ပျက်စီးခဲ့သည်။ ထို့ကြောင့် ညောင်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စီမံဘဏ္ဍာရေးမှူး ခရိုင်ကော်မတီဝင် ဒေါ်မြသန္တာဦး၊ မြို့နယ်ကော်မတီဝင် ဦးအေးကျော်ခိုင်၊ နယ်မြေတာဝန်ခံဒေါ်အေးမြသူ၊ အောက်ညဥ့်ကျေးရွာစည်းရုံးရေးမှူးဦးစန်းရွှေတို့နှင့်အဖွဲ့တို့သည် ယနေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ ဦးဌေးကြီးအိမ်တွင် ငွေကျပ် ၄ဝဝဝဝ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘုရားငါးဆူကမ်းပါးပြိုကျမှုမှကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်အားဒါနနှင့်အလှူငွေများလှူဒါန်း
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်တွင်မုန်းချောင်းရေကြီးမှုကြောင့် ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်မှ ကာကွယ်ခြင်းလုပ်ငန်းများကို ပြည်ခိုင် ဖြိုးပါတီဝင်များသည် ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအဖွဲ့၊ ဒေသခံပြည်သူ များနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။
ယခုလ ၂၄ ရက်နေ့မှစ၍ ဆောင် ရွက်ခဲ့ရာ ယနေ့အထိ ဆောင်ရွက်နေဆဲ ဖြစ်ပြီး ကမ်းပါးပြိုကျမှု အရေးပေါ် ကာကွယ်ထိန်းသိမ်းရခြင်း ဖြစ်သည့် အတွက်ငွေကြေးနှင့်လုပ်အားများလိုအပ် လျက်ရှိသည်။
ချောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ် လွှင့်ထူ
ချောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဝင်းနိုင်ဦး၊ မကွေးခရိုင် အရံကော်မတီဝင် ဦးဇော်လွန်းအောင်၊ ချောက်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းလိုင်၊ မြို့နယ်ကော်မတီဝင်များ ၊ ရပ်/ကျေးဥက္ကဌ များ အင်အား (၃၀) ဦးတို့ မှ ချောက်မြို့နယ်ပါတီရုံးနှင့် အမှတ် (၅) နယ်မြေ ရွှေသူဌေးကုန်းရပ်ကွက်ရုံးတို့ တွင် ပြည်ခိုင်ဖြိုးပါတီအလံသစ်အား ယနေ့နံနက် ၉ နာရီ အချိန်တွင် အလံလွှင့်ထူခဲ့ပါသည်။
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီအချိန်တွင် တိုင်းဒေသကြီး ပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌမှ ပါတီဌာနချုပ်တွင် တက်ရောက်ခဲ့သည့် နိုင်င်ငံရေးစီမံခန့်ခွဲမှုနည်းပြ သင်တန်းအမှတ်စဉ် (၄) သင်တန်းအတွေ့အကြုံများ၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းခဲ့ပြီး အတွင်းရေးမှူးမှ ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းအတွေ့အကြုံများနှင့် စည်းရုံးရေးဆိုင်ရာများ၊ တက်ရောက်လာသူများမှ မိမိတို့နယ်မြေအလိုက် စည်းရုံးဆောင်ရွက်မှုနှင့် ဒေသခံပြည်သူများ၏အသံများနှင့် အကြံပြုချက်များအား ရှင်းလင်းဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌမှ နိဂုံးချူပ်အမှာစကားပြောကြားကာ ၁၁း ၅၀ နာရီတွင် ပြီးမြောက်ခဲ့ပါသည် ။
မုန်းချောင်းရေ ခ တော့မည့် ဘုရားငါးဆူ ဆက်လည်တည်တန့်နိုင်ရေး အရေးပေါ် ကမ်းပါးထိန်းသိမ်းရေးလုပ်ငန်းများ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်
ဇွန် ၂၅
ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်သွားရာက်လျူဒန်း
သိဒ္ဓိအောင်ပန်းဘုန်းကြီးဆရာတော် ဥူးသောမဦးစီး၍ မကွေးတိုင်းရေဘေးကယ်ဆယ်ရေးအတွက် ၇ ရက်သားသမီးများမှ စုပေါင်းလျူဒန်းသော ဆန်နှင့်စားစရာ အဝတ်အထည်ဆေးဝါးများ စုပေါင်းလှူဒန်းပွဲကို ဒဂုံတောင် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ကော်မတီဝင်များမှ ဆန် ၁၀ အိတ်နှင့် ခေါက်ဆွဲခြောက် အထုပ် ၂၀၀၀ အား ကံမမြို့နယ် ရွှေတောရွာ၊ သရက်တောရွာ၊ ဥသျှစ်ချိုရွာ၊ အင်ဖက်တောကျေးရွာ ရေဘေးသင့်ပြည်သူများအား ၂၃. ၆ .၁၈ ရက်နေ့ သွားရောက်လျူဒန်းနိုင်ရန် ဆိပ်ကမ်းမြို့နယ် ပန်းဘုန်းကြီးကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးနှင့် မြိုနယ်ကော်မတီဝင်များမှ ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် အလျူငွေများအား ဆရာတော်ဦးသောမအား ကိုယ်တိုင်လာရောက်လျူဒန်းခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဇရပ်လှအုပ်စု အနောက်ရှားတောကျေးရွာ ချောင်းရေတိုက်စားမှု သက်သာစေရန် ကမ်းကာပြုလုပ်
၂၁. ၆ .၂၀၁၈ ရက်နေ့မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဇရပ်လှအုပ်စု အနောက်ရှားတောကျေးရွာ ချောင်းရေတိုက်စားမှု သက်သာစေရန် ကမ်းကာပြုလုပ်မှုကို ခရိုင်ကောင်မတီဝင် ဦးဝင်းမြိုင်ဦးဆောင်၍ စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှကော်မတီဝင် ဦးဝင်းခိုင်၊ ဦးနိုင်ထူး၊ ဦးသန်းထွန်းဦး၊ ဦးဌေးအောင်တို့နှင့်အတူ ပါတီဝင်အား ၈၀ ဦးဖြင့် ကူညီလုပ်အားဒါနပြုနေပါသည်။
Min Zaw
မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ဇွန် ၊ ၂၀
မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ၁၀း၀၀ နာရီအချိန်တွင် တိုင်းပါတီအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ တက်ရောက်ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။
Min Zaw