ဗဟိုအတိုင်ပင်ခံ ဦးကျော်ဆန်း ရွှေဘုန်းပွင့်စေတီတော် မသိုးသင်္ကန်းရက်လှူပွဲသို့ ငွေလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးကျော်ဆန်း ပြည်ထောင်စုဝန်ကြီး (ငြိမ်း)နှင့် ဇနီး ဒေါ်ကြည်ကြည်ဝင်းတို့သည် နိုဝင်ဘာ (၉) ရက် မွန်းလွဲ ၂ နာရီခွဲက ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့် စေတီတော်သို့ ရောက်ရှိပြီး ရွှေဘုန်းပွင့်စေတီတော်တွင် ကျင်းပမည့် (၂၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းကပ်လှူပွဲသို့ သင်္ကန်းအလှူငွေကျပ် ၁၈ဝဝဝဝ လှူဒါန်းရာ ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က လက်ခံခဲ့သည်။

u-kyaw-san

(more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကိုလံဘီယာသမ္မတဟောင်းအား လက်ခံတွေ့ဆုံ

 14947653_449488268559639_6011818488978331906_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ကိုလံဘီယာသမ္မတ နိုင်ငံမှ သမ္မတဟောင်း H.E.Mr. Andres Pastrana အား ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂ရက်နေ့ ညနေ ၄နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီစနစ် ရှင်သန်ဖြစ်ထွန်းရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Bullet ဂျာနယ် ထုတ်ဝေသူ ဦးလှဆွေမှ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီ အား “အတိုက်အခံဆိုတဲ့ Definition ကို ဘယ်လိုဖွင့်ဆိုမလဲ။ ကြံ့ခိုင်ရေးပါတီအနေနဲ့ အခု ပုဂံဘုရားတွေ လုပ်အားပေးတာတို့ ရေကြီးရေလျှံ တာလုပ်အားပေးတာတို့လောက်ပဲ လုပ်မှာလား။ လူမှုရေးပဲအားသန်ပြီး လုပ်တော့မှာလား၊ နိုင်ငံရေးအားဖြင့်ရော အတိုက်အခံအနေနဲ့ ဘယ်လိုရပ်တည်သွားမလဲဆိုတာ သိပါရစေ” ဟု မေးမြန်းချက်အား ဦးခင်ရီမှ ပြန်လည် ဖြေကြားချက်

တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေမှာတော့ နှစ်ပိုင်းရှိတယ်။ လက်ရှိအာဏာရပါတီ Ruling Party ခေါ်တာပေါ့။ အတိုက်အခံပါတီ Opposite Party ခေါ်တာပေါ့။ အဲတော့ Opposite အတိုက်အခံရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ အဘိဓာန်တွေမှာ အတိုက်အခံပြုခြင်း၊ ဆန့်ကျင်ခြင်း ဒီလိုခေါ်တာပေါ။ ကျွန်တော်တို့ရဲ့ အတိုက်အခံကျတော့ ကျွန်တော်တို့ပါတီကတော့ လက်ရှိအတိုက်အခံပါတီအနေနဲ့ ရပ်တည်နေတာပေါ့။ ကျွန်တော်တို့ရဲ့ အတိုက်အခံပါတီကျတော့ အရာအားလုံးကို လိုက်ပြီးတော့ ဆန့်ကျင်တာမဟုတ်ဘူး။ သူလုပ်သမှ၊ အာဏာရပါတီလုပ်သမျှ မကောင်းမြင်တဲ့စိတ်နဲ့ အရာအားလုံးကို ဆန့်ကျင်နေမှာမဟုတ်ဘူး။ တူရာတူရာ ကောင်းတာဆို ကျွန်တော်တို့အားပေးမယ်။ ပူးပေါင်းဆောင်ရွက်မယ်။ မတူတာတွေရှိမယ်။ နိုင်ငံအတွက် အကျိုး မပြုတာတွေရှိမယ်။ သွေဖည်သွားတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လုပ်မယ့်လုပ်ငန်းစဉ်တွေ ရှိတယ်။

13259995_1772449556299849_4056879731612638617_n

(more…)


ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ပြည်ခိုင်ဖြိုးပါတီ ဝင်ပြိုင်မည်

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက ပြောသည်။

tin4

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးအားမြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး H.E Mr. Andrew Partick မှ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Partick ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ (၂၆) ရက် မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

13879434_446332665541866_5957125759712604628_n

(more…)


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ တင်ပြချက်များမှ ကောက်နှုတ်ဖော်ပြချက်

capture


အတိုက်အခံပါတီအနေဖြင့် ယခင်အစိုးရလက်ထက်က အတိုက်အခံကဲ့သို့ လုပ်သမျှလက်ညှိုးထိုး ကန့်လန့်တိုက် ရန်မရှိဟု ပါတီဥက္ကဋ္ဌပြောကြား

”ဟိုခေတ် ဟိုကာလတုန်းကလို အစိုးရလုပ်သမျှ အကုန်လုံး လက်ညှိုးထိုးပြီးတော့မှ ကန့်လန့်တိုက်ဖို့တော့ ကျွန်တော်တို့မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က သိက္ခာရှိတယ်”

14440797_1762591423999508_8565547647399546261_n

(more…)


ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အဖွဲ့ ဆရာတော် သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

14708130_666933280136892_7377188949434575894_n

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီဥက္ကဌ ဦးသန်း​ဌေး၊ ဒုတိယဥက္ကဌ ဦးမြတ်​ဟိန်း၊ ဗဟို​အတွင်းရေးမှူး ဦးသန်းထွန်း၊ ပဲခူးတိုင်း​ဒေသကြီး ပါတီဥက္ကဌ ဦး​စော​မော်​ထွန်း၊ ​ကျောက်​တံခါးမြို့နယ်​ ပါတီဥက္ကဌ ဦး​ကျော်​ဆန်းဦး နှင့် ကော်မတီဝင်များသည် အောက်​တိုဘာ (၁၇)ရက်​​ နံနက်​ပိုင်းက  ပဲနွယ်​ကုန်း​ဒေသ ရွှေဝါ​ကျေးရွာ သီရီမင်္ဂလာ တပ်​ဦး​တောရ​ကျောင်းတိုက်​ရှိ ဆရာ​တော်​ ဦးကုမာရ အမှူးပြု​သော ဆရာ​တော်​ သံဃာ​တော်​များအား သင်္ဃန်းနှင့်​ လှူဖွယ်​ပစ္စည်းများ ဆက်​ကပ်​လှူဒါန်း​ခဲ့သည်။

နိုင်ငံအတွက် လိုအပ်လာပြီဆိုရင် ပြည်သူတွေနဲ့ ပူးပေါင်းဖို့ အသင့်ရှိနေပါတယ်

14606352_562767597245730_8628962225249743482_n

ကျွန်တော်တို့ပါတီအနေနဲ့လည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။ ကျွန်တော်တို့ ထုတ်ပြန်ချက်ကို အပိုင်း ၃ ပိုင်းနဲ့ ထုတ်ပြန်ထားတာပါ။  ပထမအပိုင်းက ဖြစ်စဉ်ပေါ့။ ဘယ်နေရာမှာ ဘာတွေဖြစ်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ပါ။ တရားဝင် သတင်းထုတ်ပြန်ချက်တွေက ရတဲ့အချက်အလက်တွေအတိုင်းပဲ ထုတ်ပြန်ထား ပါတယ်။ နောက်တစ်ခုက ကျဆုံးခဲ့ရတဲ့ ဝန်ထမ်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ အခုလိုဖြစ်သွားတဲ့ အကြမ်းဖက်ဖြစ်စဉ်ကို ကျွန်တော်တို့အနေနဲ့ ရှုတ်ချပါတယ်။ (more…)