“စွန့်လွှတ်စွန့်စားသူတို့၏ ကွန်းခိုရာ ကရုဏာကမ္ဘာ” ဘိုးဘွားရိပ်သာ သို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သွားရောက်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် နေထိုင်ကြသော ဘိုးဘွားများအတွက် အလှူတော်ငွေကျပ် (၁၀) သိန်းကို လှူဒါန်းခဲ့ရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

u-than-htay-birthday-donate

(more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ (နိုဝင်ဘာ ၁၉ ရက်) နံနက် (၉)နာရီအချိန်၌ နေပြည်တော်ရှိ ပါတီဌာနချုပ် ခန်းမဆောင်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

15078743_456294301212369_2907779463826351219_n15037339_1634381550194320_8058875058537796563_n

(more…)


ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဌနှင့်အဖွဲ့အား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးသည် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဌ H.E Mr Hideo Watanabe နှင့်အဖွဲ့အား နိုဝင်ဘာလ (၁၇)ရက်၊ နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

14195346_680988165404031_3681635548880177761_o

(more…)


၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မိသားစုဝင် ကျောင်းသူ ကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေးပေးအပ်

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ဌာနချုပ် မိသားစုဝင် ကျောင်းသားကျောင်းသူ များအား၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ (၁၇) ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်အတွင်းရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်ခဲ့သည်။

15073308_680985688737612_8196912915511325290_n 15129025_680985748737606_1617232897731650430_o

(more…)


လပွတ္တာမြို့ ဘုရားကြီးကုန်းကျေးရွာ မွန်ဘုရင်မကြီးရှင်စောပုတည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ်စေတီတော် ကန်တော့ပွဲ မေတ္တာသုခဝေနေယျတန်ဆောင်းတော်ဖွင့်ပွဲ ဗုဒ္ဓပူဇနိယပွဲတော် ၁ဝ၈ ပွဲနှင့် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်းတိုက် အထူးသာသနာပြု ဆရာတော်ဘဒ္ဒန္တပညာတေဇ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ လပွတ္တလုပ်(တောင်) ကျေးရွာ အုပ်စု ဘုရားကြီးကုန်းကျေးရွာ မွန်ဘုရင်မကြီးရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ် စေတီတော် (၂၄)ကြိမ်မြောက် ဆီမီး ၁ဝဝဝ၊ ပန်း ၁ဝဝဝ၊ ရေတော် ၁ဝဝဝ၊ ကန်တော့ပွဲ ၁ဝ၈ ပွဲ ကပ်လှူပူဇော်ပွဲနှင့် မသိုး သင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၊ မေတ္တာသုခဝေနေယျ တန်ဆောင်းတော်ဖွင့်ပွဲ နှင့်(၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အခမ်းအနားကို ယခုလ ၁၄ ရက်တွင် အဆိုပါစေတီ၌ ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ လပွတ္တာခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှိုင်ဦးနှင့် အလုပ်အမှုဆောင်များ၊ လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ နယ်လှည့်သစ္စာဓိဋ္ဌာန် စတုဒိသာ အလှူရှင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

????????????????????????????????????

(more…)


နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစု ဆွမ်းသပိတ်အလုံး၁ဝဝ နှင့်လှူဖွယ်ဝတ္ထုများလှူဒါန်း

မိတ္ထီလာမြို့ နန်းတော်ကုန်း ရပ်ကွက် နဂါးရုံမဟာဗောဓိစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဆွမ်း သပိတ်အလုံး ၁၂ဝဝ ကျော် လှူဒါန်းဆက်ကပ်ပွဲကို ယခုလ ၁၄ ရက် နံနက် ၄ နာရီက ယင်းစေတီတော်ရှိ ပညာဓိကတန် ဆောင်း၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ၊ နိုင်ငံတော် သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစုမှ ဆွမ်းသပိတ် အလုံး ၁ဝဝ နှင့် လှူဖွယ်ဝတ္ထုများ ပါဝင်လှူဒါန်းကြောင်း သိရသည်။

 

15107319_680989218737259_844203689298121450_n

(more…)


ပြည်ခိုင်ဖြိုးပါတီဌာနချုပ် မိသားစုဝင်များ စုပေါင်းကထိန် ပဒေသာပင်များ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် မိသားစုဝင်များ ပြုလုပ်သည့် စုပေါင်းကထိန် ပဒေသာပင်များ လှူဒါန်းပွဲကို နိုဝင်ဘာ (၁၂) ရက်နှင့် (၁၃) ရက်နေ့တို့တွင် ပါတီ ဌာနချုပ်နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

hq

(more…)


ဝမ်းမြောက်ကြောင်းသ၀ဏ်လွှာပေးပို့

အမေရိကန်နိုင်ငံ၏ (၄၅)ကြိမ်မြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော H .E Mr, Donald Trump အတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဌကြီး ဦးသန်းဌေး မှ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါသည်။

15027415_452630401578759_3639197677593105697_n

(more…)


မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်မည်

၁။       မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော စီးပွားရေးအခက်အခဲများအား လေ့လာသုံးသပ်နိုင်ရန် အတွက် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။ စီးပွားရေးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်အစား နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ (more…)


ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးသည် နိုဝင်ဘာ (၈) ရက် နံနက် ၁၁ နာရီက ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌ ဦးညွန့်ဦး နှင့် အလုပ်အမှုဆောင်များနှင့်အတူ ဟင်္သာတမြို့ လယ်တီကွင်းရပ်ကွက် အောင်ချမ်းသာပရိယတ္တိ စာသင်တိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးပဥာန္ဒအား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။

14938350_676886469147534_8481143041492043470_n

(more…)