“Asean Youth Leaders Traing Program ” သင်​တန်းသို့ ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​ (၃) ဦး တက်​​ရောက်

တရုတ်​ပြည်​သူ့သမ္မတနိုင်​ငံ နန်​နင်းပြည်​နယ်​ ကွမ်းရှီးမြို့ နိုင်​ငံတကာလူငယ်​များဖလှယ်​ရေး​ကောလိပ်​၏ (၄၈) ကြိမ်​မြောက်​ နိုင်​ငံတကာလူငယ်​အရာရှိများ သင်​တန်းဖွင့်​ပွဲအခမ်းအနားကို ယ​နေ့ ​အောက်​တို ဘာလ (၁၉) ရက်​​နေ့ ​ဒေသစံ​တော်​ချိန်​ နံနက်​( ၀၉း၃၀) ချိန်​တွင်​ ဖွင့်​လှစ်​ခဲ့သည်​။

* Asean Youth Leaders Traing Program * သင်​တန်းအား ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ လူငယ်​ကိုယ်​စားလှယ်​( ၃) ဦး တက်​​ရောက်​လျှက်​ရှိသည်​။

နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်(နေပြည်တော်)ရှိ ပြည်ထောင်စု ခန်းမတွင်၊ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်း အနားကျင်းပပြုလုပ်သည်။

ယင်းသင်တန်းတွင် တက်ရောက်လျှက်ရှိသောတိုင်းနှင့်ပြည်နယ်အသီးသီးမှ သင်တန်း သား/သူ(၉၈)ဦးတို့အား ပါတီ(ဗဟို)အထွေထွေအတွင်းရေးမှုးမှ သင်တန်းဆင်းလက်မှတ် များချီးမြှင့်သည် ။

သင်တန်းဆင်းပွဲသို့ ပါတီ ဥက္ကဌကြီးမှ အမှာစကားပြောကြားခြင်း ၊ ပါတီဗဟိုအလုပ်မှု ဆောင်များနှင့် မှတ်တမ်းဓါတ်ပုံများရိုက်ကူးပါသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် ပါတီအကြီးအကဲများ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ် (၂) ညစာစားပွဲသို့ တက်ရောက်ချီးမြှင့်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်​ခိုင်​ဖြိုးပါတီ နိုင်​ငံ​ရေးစီမံခန့်​ခွဲမှု နည်းပြသင်​တန်းအမှတ်​စဉ်​ (၂) သင်တန်းသား/သင်တန်း သူများ ညစာစားပွဲအခမ်းအနားကို ၂၈.၉.၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါ သည်။

အဆိုပါအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌနှင့်​ ပါတီအကြီးအကဲများ တက်ရောက်​ချီးမြှင့်​ခဲ့ကြ​ကြောင်း သိရှိရပါသည်​။


ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၏ သင်တန်းဆွေးနွေးပို့ချမှု

 

ယ​မန်နေ့(၂၇.၉.၂၀၁၇)ရက်နေ့တွင် ပြည်​ခိုင်​ဖြိုးပါတီဌာနချူပ်​၌ဖွင့်​လှစ်​​သော နိုင်ငံရေးစီမံခန်ခွဲမှု နည်းပြ သင်တန်း အမှတ်စဉ်(၂)တွင်​ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ            ​ဆွေးေ​နွး ပို့ချ​ခဲ့ကြောင်း သိရသည်။

crd;


USDP Debate ဆွေးနွေးပွဲကျင်းပပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်ရှိပြည်ထောင်စုခန်းမဆောင်တွင်ပါတီ တွင်း USDP Debate ပွဲကျင်းပပြုလုပ်ရာ“လက်ရှိနိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှု´´အပေါ် အဘက်ဘက်မှ အမြင်မတူသည့်ရှုထောင့်အမျိုးမျိုးကို အခြေခံ၍ အဖွဲ့(၆)ဖွဲ့မှ ဦးဆောင် ဆွေးနွေးမှုအပေါ် ထပ်ဆင့်မေးမြန်းဆွေးနွေးသူများဖြင့် ဆွေးနွေးခဲ့ကြပါသည်။

ယင်းဆွေးနွေးပွဲသို့ ပါတီဗဟိုအကြီးကဲများ တက်ရောက်ပြီး ဆွေးနွေးမှုအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ဆွေးနွေးပွဲကိုညနေ(၇း၃၀)တွင်စတင်ပြီးည(၉း၀၀)တွင် ရုပ် သိမ်းလိုက်သည် ။

တင်ထွဋ်

ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဌာနချုပ်ရှိ၊ ပြည်ထောင်စုခန်းမ ဆောင်တွင် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျှက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများ ´´ နိုင်ငံတော် အခြေပြမိတ်ခွန်းနှင့်စပ်လျှဉ်းပြီးပါတီတွင်းအဖွဲ့(၆)ဖွဲ့ခွဲ၍ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ပါ သည် ။

ယင်းဆွေးနွေးပွဲတွင် ပါတီဗဟိုအကြီးအကဲများတက်ရောက်ပြီး အကြံပြုဆွေးနွေးသူများမှာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လျှက်ရှိသော “နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ် စဉ်(၂)တွင်တက်ရောက်လျှက်ရှိသည့်သင်တန်းသား/သူ အစုအဖွဲ့ (၉၇)ဦးတို့မှ အဖွဲ့(၆)ဖွဲ့ ခွဲ၍ အဖွဲ့ကိုယ်စား (၆)ဦး၏ဆွေးနွေးမှုအပေါ် ထပ်ဆင့်တင်ပြဆွေးနွေးသူများဖြင့်
ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်ခန်းစာပို့ချ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော် သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၂)သင်တန်းအား ယမန်နေ့ နံနက် ၈နာရီခွဲက ဆက်လက် ပို့ချလျက်ရှိရာ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက ‘စွမ်းရည်ပြည့်ဝပြီး အင်အားတောင့် တင်းသောပါတီဖြစ်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ပါတီအောင်နိုင်ရေး’ သင်ခန်းစာကိုလည်းကောင်း၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီက ‘၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်ရေးဥပဒေ’ကိုလည်းကောင်း နှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ‘ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း သမိုင်းနှင့် ပါတီသမိုင်း’ကိုလည်းကောင်း အသီးသီးပို့ချခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ ဝါတွင်းကာလပြုလုပ်နေကျ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲတွင် ပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ရွတ်ဖတ်ပူဇော်

 

 

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီဝင်များ ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့တိုင်း ပြုလုပ်နေကျဖြစ်သော ဓမ္မစင်္ကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့ ၁၃၇၉ ခုနှစ် (သာသနာနှစ် ၂၅၆၁ ခုနှစ်)၊ တော်သလင်း လကွယ်နေ့ ညနေ ၅ နာရီက ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ရုံးဝင်းအတွင်းရှိ ရွှေစေတီငွေစေတီတော် ဓမ္မာရုံ၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲတွင် အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ရုံးချုပ်သင်တန်းကျောင်းခန်းမတွင် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၂)ကို ယနေ့ နံနက် ၈နာရီခွဲတွင် နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အခမ်းအနားတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
အမှာစကားပြောကြားရာတွင် လိုအပ်ချက်နှင့်တောင်းဆိုချက်များအရ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ လေ့လာသင်ယူရမည့်ကိစ္စရပ်များအားလုံးကို အပတ်တကုတ် လေ့လာမှတ်သားသွားကြရန်လိုကြောင်း၊ လူတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ အမြဲတမ်းလေ့လာဆည်းပူးနေမှသာ တိုးတက်အောင်မြင်မှုရှိလာမည်ဖြစ်ကြောင်း၊ မိမိအကျိုးနှင့် ပါတီအကျိုးယှဉ် လာလျှင် ပါတီအကျိုးကိုဦးစားပေး ပြီး ပါတီအကျိုးနှင့် နိုင်ငံအကျိုး ယှဉ်လာလျှင် နိုင်ငံအကျိုးကိုဦးစား ပေးရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး ဆို သည့်အချက်များကို လိုက်နာကျင့် ကြံအားထုတ်သွားကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားအား နေပြည်တော်ရှိ ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ကျင်းပရာ အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး “မိမိတို့ ပါတီဝင်များ အနေဖြင့် ပါတီဆောင်ပုဒ်များနဲ့အညီ ကြိုးစားနေထိုင်ကြရန်၊ ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးယှဉ်လာပါက တိုင်းပြည်အကျိုးကိုပိုမိုအလေးထားကြရန်”လမ်းညွှန်မှာကြားခဲ့ပါသည်။