ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ဆိုရှယ်လစ်အတွေးအခေါ်ဆိုင်ရာ ရှင်းလင်းပွဲတက်ရောက်

ပေကျင်း ဒီဇင်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့သည် ဒေသစံတော်ချိန် ယနေ့နံနက် ၉ နာရီက ကျောက်ယူတိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသော ရှီကျင့်ဖျင် ခေတ်သစ်တရုတ်နိုင်ငံ ဝိသေသလက္ခဏာပါရှိသော ဆိုရှယ်လစ်အတွေးအခေါ်ဆိုင်ရာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲအခမ်းအနားတက်ရောက်

ပီကင်း ဒီဇင်ဘာ ၁

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ ငှက်ပျော ကျင်း၊ ကောင်းဘို့၊ ပလောင်ကျေးရွာများမှ လေ့လာရေးအဖွဲ့များအား တွေ့ဆုံကြိုဆိုနှုတ်ဆက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းသည် နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသော ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာ၊ ငှက်ပျောကျင်း ကျေးရွာ၊ ပလောင်ကျေးရွာများမှ ပါတီဝင်များအား နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပါတီဌာနချုပ်မှ အမှတ်တရ လက်ဆောင်များပေးအပ်ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအတွင်းရေးမျိုး ဦးကျော်ကျော်ဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်တာဝန်ခံ ဦးအောင် ထွန်းတို့မှ ပေးအပ်ရာ ဒေသခံ လေ့လာရေးအဖွဲ့ဝင်များကိုယ်စား ဒေသခံတိုင်းရင်းသားများမှ လက်ခံရယူခဲ့ သည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အနောက်သီရိကျေးရွာသစ် သာသနာ့ဝေပုလ္လ ကျောင်းတော်ရာသစ် ပြန်လည်ထူထောင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ အလှူတော်ငွေ လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး H.E Mr.Robert Chua မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဋ္ဌာနချုပ် နေပြည်တော် ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုများအား ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ကြေညာချက် ၊ အမှတ်စဉ် ( ၅ / ၂၀၁၇ )

၁၃၇၉ ခုနှစ် ၊ တန်ဆောင်မုန်းလဆုတ် ( ၁၃ ) ရက်
၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ( ၁၆ ) ရက်


နိင်ငံရေးပါတီ ၂၇ ပါတီ၏ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်


ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းYouth in Leadership (Batch-9) သင်တန်းသားသင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၉

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ National Enlightenment Institute သင်တန်းကျောင်း၏ Youth in Leadership (Batch-9) မှ ဒေါ်ရည်မွန်ဆု ခေါင်းဆောင်သည့် သင်တန်းသား သင်တန်းသူ စုစု ပေါင်း ၅၃ ဦးတို့သည် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ လာရောက်လေ့လာစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်းသည် ပါတီဌာနချုပ်၏ သင်တန်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းသည် ယနေ့မွန်းလွဲ ၁ နာရီက အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး Mr.S.B. Joshi နှင့်အဖွဲ့ဝင် လေးဦးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် မဟာဘုံကထိန်အလှူတော်မင်္ဂလာ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် ၊ ဒက္ခိဏသီရိမြို့ ဓမ္မပါလကျောင်းတိုက်တွင် ကျင်းပ ရာ ပါတီဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သံဃာတော်များအား ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ် ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။